A d v e r t i s e m e n t With Us

ငွေ​ဆောင်​တွင်​ ယဉ်​တိုက်​မှုဖြစ်​၊ အမျိုးသမီး ၁ ဦးသေ

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့ အမှတ် ၃ ရပ်ကွက် ငွေဆောင်-ဘူးကွဲ ကားလမ်းပေါ်မှာ သုံးဘီးယာဉ်နဲ့ ဆိုင်ကယ်တိုက်မိလို့ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့ည ၁၀ နာရီလောက် ငွေဆောင်မြို့ အမှတ် ၃ ရပ်ကွက် Asia World Hotel နဲ့ M.O Hotel ကြား ငွေဆောင်-ဘူးကွဲ လမ်းပေါ်မှာ ကိုအောင်အောင် မောင်းနှင်ပြီး နောက်မှ ဇနီးဖြစ်သူ မစိုးစိုးအေး စီးနင်းလိုက်ပါလာတဲ့ ဆိုင်ကယ်ကို မောင်သာချို မောင်းနှင်လာတဲ့ သုံးဘီးယာဉ် အရှိန်မထိန်းနိုင်ဘဲ နောက်က၀င်တိုက်မိလို့ ဆိုင်ကယ်ပေါ်ပါ နှစ်ဦးလုံး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံပို့ ကုသချိန် မစိုးစိုးအေးမှာ ရရှိလာတဲ့ ဒဏ်ရာတွေနဲ့ သေဆခုံးခဲ့တယ်လို့ သိရပါတယ်။ ငွေဆောင်မြို့မရဲစခန်းက သုံးဘီးယာဉ်မောင်း မောင်သာချိုကို ရာဇသတ်ကြီး ပုဒ်မ- ၃၀၄-က/၃၃၈ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒုရဲအုပ် ကိုမျိုးဝေဦးက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up