A d v e r t i s e m e n t With Us

လမ်းမပေါ်တက် မိတ်လိုက်ဖော်ရှာဖွေသည့် ဧရာမမိကျောင်းကြီးရုပ်သံ ကြည့်ရှုသူ ၂ သိန်းခွဲကျော်ပြီ

လမ်းမပေါ်ထွက်ပြီး မိတ်လိုက်ဖော်ရှာဖွေခဲ့တဲ့ ဧရာမမိကျောင်းကြီးတကောင်ရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့ပြီး လက်ရှိမှာတော့ ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သိန်းခွဲကျော်သွားခဲ့ပြီ ဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဇွန်လ ၁ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ  အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ထဲက သဘာဝထိန်းသိမ်းကာကွယ်တော ဧရိယာတခုမှာ ဖြစ်ခဲ့တာဖြစ်ပြီး Big Cypress Gallery Adventures ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာပါ။ အရှည် ၁၀ ပေရှိတဲ့ မိကျောင်းကြီးရဲ့ ထိတ်လန့်ဖွယ် လမ်းလျှောက်ဟန်နဲ့ အောက်မေးရိုးထဲက ထွက်နေတဲ့ ကြီးမားတဲ့ သွားတွေနဲ့ သူ့ရဲ့ အသွင်အပြင်ဟာ ထိတ်လန့်စရာပါပဲ။ ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာတော့ မိကျောင်းကြီးဟာ သူ့ရဲ့ ကလေး ၃၂ ကောင်ကို မိကျောင်းမကြီးနဲ့ ထားခဲ့ပြီး မိတ်လိုက်ဖော်အသစ်ရှာဖွေဖို့ ခုလိုထွက်လာခဲ့တာလို့ ဖော်ပြ ခဲ့တာပါ။ ဒီမိကျောင်းကြီးရဲ့ အသက်ဟာ ၂၅ နှစ်သက်တမ်းရှိနေပြီဖြစ်ကာ သူ့ကိုတော့ အနီးနားတဝိုက် မသိတဲ့သူ မရှိဘူးလို့ ဆိုပါတယ်။ အဆိုပါဧရိယာအတွင်း လာရောက်လည်ပတ်ကြသူတွေဟာ မိကျောင်းကြီးကို ဓာတ်ပုံရိုက်တာတွေ၊ ရုပ်သံဗွီဒီယိုဖိုင်တွေ ရိုက်ကူးတာတွေ လုပ်ကြလေ့ရှိပြီး သူဟာ ၁၉၉၀ ပြည့်နှစ်ကာလတွေတည်းက ဒေသတွင်း ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ Big Cypress Adventures ရဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။ ခရီးသွားဧည့်လမ်းညွှန်တဦးကတော့ “ဒီမိကျောင်းကြီးဟာ တကယ့်ကို အံ့သြစရာပါပဲ။ သဘာဝဘေးမဲ့တောတွင်းမှာ တခြားမိကျောင်းတွေဆိုရင် ၁၅ ပေ၊ ပေ ၂၀ ကြား အကွာအဝေးက ကြည့်ရှုဖို့ ညွှန်ကြားထားရပေမယ့် သူကတော့ လူတွေကို ရန်ပြုမယ့်ပုံ မပေါ်ပါဘူး”လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up