Homeမြန်မာသတင်း
လူသတ်ပြီး မြန်မာဘက် ထွက်ပြေးတိမ်းရှောင်နေသည့် ထိုင်းအမျိုးသမီး ၃ ဦးကို ဖမ်းမိ (ရုပ်သံ)
လူသတ်ပြီး မြန်မာဘက် ထွက်ပြေးတိမ်းရှောင်နေသည့် ထိုင်းအမျိုးသမီး ၃ ဦးကို ဖမ်းမိ (ရုပ်သံ)
DVB
·
June 4, 2017
ထိုင်းနိုင်ငံအတွင်းက လူသတ်မှုကျူးလွန်လာပြီး တာချီလိတ်မြို့မှာ လာရောက်ခိုအောင်းနေတဲ့ လူသတ်တရားခံ ၂ ဦးနဲ့ ပါဝင်ပတ်သတ်သူ ၁ ဦးပါဝင်တဲ့ တရားခံ စုစုပေါင်း ၃ ဦးကို တာချီလိတ်ရဲတပ်ဖွဲ့ဝင်တွေက ၆ ရက်အတွင်း ဖမ်းဆီးမိခဲ့ပါတယ်။
လူသတ်မှုကျူးလွန်လာပြီး တာချီလိတ်မြို့ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ လူသတ်တရားခံ အမျိုးသမီး ၂ ဦးနဲ့ ပါဝင်ပါတ်သက်သူ ၁ ဦးတို့ကို ဇွန် ၃ ရက်နေ့ ညနေ ၆ နာရီမှာ တာချီလိတ်မြို့အတွင်းက ခိုအောင်းနေတဲ့ ပါလျှံရပ်ကွက်အတွင်း လူနေထိုင်ခြင်းမရှိတဲ့ အိမ်အဟောင်းအတွင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
လူသတ်တရားခံတွေဟာ တာချီလိတ်မြို့ကို မေ ၂၅ ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေခဲ့တာဖြစ်ပြီး ထိုင်းနယ်ခြားကော်မတီက ဖမ်းဆီးပေးဖို့ တောင်းဆို ထားတာပါ။
ဖမ်းဆီးရမိခဲ့တာကတော့ လူနေထိုင်ခြင်းမရှိတဲ့ နေအိမ်အဟောင်အတွင်း ထိုင်းနိုင်ငံက အလိုရှိတဲ့ လူသတ်တရားခံတွေ နေထိုင်နေတယ်လို့ အမာခံ သတင်းပေးတွေရဲ့ သတင်းပေးချက်ကြောင့် ဖမ်းဆီးရမိခဲ့တာလို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ အမျိုးသမီး ၃ ဦးကို ည ၉ နာရီဝန်းကျင်လောက်မှာ လုံခြုံရေးကြောင့် ချက်ချင်းပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
သူတို့ဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ခွန်ကဲင်ခရိုင် ခေါင်ဆွမ်က၀မ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်က ကာရာအိုကေဆိုင်မှ အမျိုးသမီးတဦးကို သတ်ပြီး မြန်မာဘက်ခြမ်း ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ကိုဇက်၊ တာချီလိတ်