A d v e r t i s e m e n t With Us

အိန္ဒိယနွယ်ဖွားအမျိုးသား အိုင်ယာလန် အာဏာရပါတီ၏ ခေါင်းဆောင်အဖြစ် အရွေးခံရ

အိန္ဒိယနွယ်ဖွား အမျိုးသားတယောက်ဟာ ဗြိတိန်နိုင်ငံ အိုင်ယာလန်နယ်ရဲ့ လက်ရှိအာဏာရပါတီ ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ ဒါဟာနိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်လာနိုင်တဲ့ လမ်းကြောင်းပေါ် ရောက် လာတာပါ။ ဒါကြောင့် အိန္ဒိယ အနောက်ပိုင်း မွမ်ဘိုင်းမြို့မှာ နေတဲ့ သူ့မိသားစုဝင်တွေ ရွှင်လန်းအားရ နေပါတယ်။ အိန္ဒိယလူမျိုး ရွှေ့ပြောင်းနေထိုင်သူ ဆရာဝန် ဖခင်နဲ့ အိုင်းရစ်ရှ် လူမျိုး အိုင်ယာလန် နယ်သူ သူနာပြု မိခင်တို့ကနေ မွေးလာတဲ့ လီယို ဗာရဒ်ကာဟာ လုပ်ဖော်ကိုင်ဖက် ဆိုင်မွန် ကိုဗေးနေးကို အနိုင်ရပြီး လက်ယာယိမ်း ပါတီရဲ့ မဲအများစုကို ရခဲ့တာပါ။ ဒီပါတီက ပထမဆုံးအနေနဲ့ ၃ ကြိမ်ဆက်တိုက် ရွေးကောက်ပွဲ နိုင်အောင် ဦးဆောင် နိုင်မယ်လို့ မျှော်လင့် ခံထားရပါတယ်။ ဇွန်လ ၁၃ ရက် လွှတ်တော် အစည်းအဝေး ကျင်းပချိန်မှာ သူဟာ အိုင်ယာလန်ရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာဖို့ မဲပေးရွေးချယ် ခံရနိုင်ပါတယ်။ သူဟာ လောလောဆယ်မှာ အိုင်ယာလန်ရဲ့ လူမှုကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up