သူရဦးတင်ဦးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်ကြည့်ရှု (ဓာတ်ပုံ)
DVB
·
June 3, 2017
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးကို ဒီနေ့ညနေပိုင်းမှာ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှုခဲ့ပါတယ်။
ဆေးရုံကြီးကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ ရောက်ရှိနေကြတယ်လို့ သိရပါတယ်။
အသက် ၉၁ နှစ်အရွယ်ရှိ သူရဦးတင်ဦးဟာ ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါနဲ့ ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့ကတည်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။