နှစ်လောင်းပြိုင်လူသတ်မှုမှ အမျိုးသမီးဖြစ်သူအား ရေဝေးသုသာန်တွင် သင်္ဂြိုဟ် (ဓာတ်ပုံ)
DVB
·
June 3, 2017
သာကေတမြို့နယ် နှစ်လောင်းပြိုင်လူသတ်မှုမှ အမျိုးသမီးဖြစ်သူ မခိုင်စပယ်နှင်းအောင်ရဲ့ ဈာပနကို ရေဝေးသုသာန်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
သာကေတမြို့နယ်မှာ ဇွန် ၁ ရက်နေ့က ဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံသားနဲ့ Victor Raj နဲ့ ဇနီးဖြစ်သူ မခိုင်စပယ်နှင်းအောင် တို့ နေအိမ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ စစ်ဆေးချက်အရ အိန္ဒိယအမျိုးသားဟာ ဇနီးဖြစ်သူကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
သေဆုံးခဲ့သူ မခိုင်စပယ်နှင်းအောင်ရဲ့ ရုပ်အလောင်းကို ဒီနေ့ ၁၁း၅၀ နာရီက ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။ အိန္ဒိယအမျိုးသားရဲ့အလောင်းကိုတော့ ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်မှာ ရှိသေးတယ်လို့ ရေဝေးစည်ပင်ဝန်းထမ်းတဦးက ပြောပါတယ်။