A d v e r t i s e m e n t With Us

ပြင်သစ်အတွက် ၁၇ နှစ်ကြာဝေးကွာနေသည့် ဟက်ထရစ်ဂိုး ဂီရော့ဒ် သွင်းယူပေး

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အိုလီဗီယာ ဂီရောဒ့်ဟာ ပါရာဂွေးအသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်မှာ ၃ ဂိုးသွင်းယူခဲ့ပြီးတော့ ပြင်သစ်အသင်းအတွက် ၁၇ နှစ်အတွင်း ပထမဆုံး ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ ခြေစွမ်းပွဲစဉ် ဖြစ်တဲ့ ပြင်သစ်အသင်းနဲ့ ပါရာဂွေးအသင်းတို့ရဲ့ ပွဲစဉ်မှာ ပြင်သစ် အသင်းဟာ တဖက်သက် ဖိကစားနိုင်ခဲ့ပြီးတော့ ဂီရောဒ့်၊ ဂရက်ဇ်မန်း၊ ဆစ်ဆိုခို တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာပါ။ ပြင်သစ်အသင်းအနေနဲ့ ၂၀၀၀ ခုနှစ်က ဒေးဗစ်ထရက်ဇီဂေး သွင်းယူခဲ့တဲ့ ဟက်ထရစ်ပြီးနောက် ၁၇ နှစ်အကြာမှာ ဟက်ထရစ်ပြန်ရခဲ့တာပဲဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအုပ်စု(က) မှာ ဆွီဒင်အသင်း ကို ၃ မှတ်အသာနဲ့ ထိပ်ဆုံးကရပ်တည်နေခဲ့ပြီးတော့ လာမယ့် သောကြာနေ့မှာ စတော့ဟုမ်းမြို့မှာ ဆွီဒင်အသင်းနဲ့ ခြေစစ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up