A d v e r t i s e m e n t With Us

ဗိုလ်လုပွဲတက်ပေမယ့် ဖလားမရသည့်အစဉ်လာဆိုးကို ပြင်ဆင်နိုင်ရန် ဂျူဗင်တပ်စ် မျှော်လင့်

ဂျူဗင်တပ်စ်အသင်းဟာ ၁၉၉၆ ခုနှစ်နောက်ပိုင်း ဥရောပဖလားပြိုင်ပွဲတွေမှာ  ဗိုလ်လုပွဲတွေ တက်ပေမယ့် ဖလားမရရှိတဲ့ အစဉ်အလာဆိုးကို ပြင်ဆင်နိုင်ဖို့ မျှော်လင့်နေပြီး ပရိသတ်တွေအနေနဲ့ စီးရီးအေ ဖလားနဲ့တင် ကျေနပ်နိုင်မှုမရှိဘူးလို့ ပြောကြားထားပါတယ်။ နည်းပြဖြစ်သူ အယ်လီဂရီကတော့ ဗိုလ်လုပွဲမှာ အနိုင်ရဗိုလ်စွဲနိုင်မယ်လို့ ကျိန်းသေပေါက် ပြောကြားထားပေမယ့် တစ်ဖက်က ရီးရဲမက်ဒရစ်အသင်းကလည်း သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်သွားဖို့ ရှိနေပါတယ်။ အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကလည်း သူ့အနေနဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီထက် ပိုပြီး စံချိန်တွေ ချိုးနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ဆိုထားပြီး ချန်ပီယံဆုကို ရရှိဖို့ ကြုံးဝါးထားကြတာပါ။ ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံးဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းဟာ ချန်ပီယံဆုကို ၁၁ ကြိမ်ထိ ရရှိထားပြီးတော့ ဂျူဗင်တပ်စ်အသင်းကတော့ ၂ကြိမ်ဆွတ်ခူးထားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up