Home
မြန်မာသတင်း
ဖြူးမြို့တွင် ယာဉ်သုံးစီးဆင့်တိုက်၊ ၁ ဦးသေ
DVB
·
June 3, 2017
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့မှာ ဒီနေ့မနက် ၅ နာရီခွဲလောက်က  ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့လို့ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့  ဖြူးမြို့မရဲတပ်ဖွဲ့ စခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးကားလမ်းဟောင်းမိုင်တိုင်အမှတ် (၁၄၂/၃)နဲ့(၁၄၂/၄) ကြားမှာ သန့်ဇင်ဦး မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်ဟာ ဖြူးချောင်းတံတားအဆင်းမှာ ရပ်ထားတဲ့ ၆ ဘီးယာဉ် ၂ စီးကို တိုက်မိခဲ့တာလို့ ဖြူးမြို့မရဲတပ်ဖွဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ “တိုက်တဲ့ကားက မြောက်ဘက်ကလာတာ။ ဇေယျဝတီဘက်ကပေါ့။ ဖြစ်တဲ့နေရာက ဖြူးချောင်းတံတာမြောက်ဘက်အဆင်းမှာပါ။ အဲဒီမှာ ရပ်ထားတဲ့ ၆ ဘီးကား ၂ စီးကို ဆင့်တိုက်တာ။ ၁၂ ဘီးကားယာဉ်နောက်လိုက်ကတော့ ဆေးရုံပို့တုန်းသေသွားတယ်။” ယာဉ်တိုက်မှုကြောင့် ၆ ဘီး ယာဉ်မောင်းမှာ ဒဏ်ရာရရှိခဲ့ပေမယ့် စိုးရိမ်စရာ မရှိဘူးလို့ သိရပြီး ၀င်တိုက်ခဲ့တဲ့ ၁၂ ဘီး ယာဉ်နောက်လိုက် သေဆုံးသွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာဉ်မောင်း သန့်ဇင်ဦးကို အခင်းဖြစ်ပြီး ၅ နာရီအကြာမှာ ဖမ်းမိခဲ့တယ်လို့ ဖြူးမြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ဖြူးမြို့မရဲတပ်ဖွဲ့စခန်းက ၁၂ ဘီးယာဉ်မောင်း သန့်ဇင်ဦးကို လူသေဆုံး/ဒဏ်ရာရရှိသည် အထိ ယာဉ်အားမဆင်မခြင် မောင်းနှင်မှု ပုဒ်မ-၃၀၄-က/၃၃၇/၂၀၂ တို့နဲ့ အမှုဖွင့်ထားပြီး တရားခံဖမ်းမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024