A d v e r t i s e m e n t With Us

ပေါင်မြို့နယ်တွင် အမျိုးသမီးတဦး ဆွဲကြိုးချသေဆုံး

ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ၊ ရွာသစ်ပိုင်းမှာ ဇွန် ၂ ရက် ည ၈ နာရီခွဲလောက်က အမျိုးသမီးတဦး နေအိမ်ဧည့်ခန်းထုတ်တန်းမျာ ဆွဲကြိုးချသေဆုံးခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ ကျွဲခြံကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က “ဒီအမျိုးသမီးက သူ့ယောကျာ်းနဲ့ကွဲနေတာ ၁၀ နှစ်ကျော် လောက်ရှိပြီ။ ကလေး ၃ ယောက်နဲ့ဆိုတော့ စိတ်ညစ်ပြီး ဒီလို လုပ်လိုက်တာဖြစ်မယ်။ သူကလည်းအရင်ကတည်းက ရွာတွေဘက်မှာလိုက်ပြီး ဈေးရောင်းနေတဲ့သူပါ" လို့ပြောပါတယ်။ ဖြစ်စဉ်မှာ ဇွန်လ ၂ ရက်နေ့၊ ည ၈ နာရီခွဲအချိန်က ကျွဲခြံကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်ရဲ့ ဖုန်းအကြောင်းကြားချက်အရ ပေါင်မြို့မရဲစခန်းတာဝန်ရှိသူတွေနဲ့ သက်သေလူကြီးတွေ အခင်းဖြစ်နေရာကိုသွားရောက်စစ်ဆေးရာ ပေါင်မြို့၊ ကျွဲခြံကျေးရွာ၊ ရွာသစ်ပိုင်းနေ မသန်းလှမှာ ကြိုးဆွဲချ သေဆုံးနေတာကို တွေ့ရလို့ ပေါင်မြို့နယ်ပြည်သူ့ ဆေးရုံကို မှုခင်းဆေးစာရေးဖွင့် ပို့ဆောင်ခဲ့ တယ်လို့ ရဲစခန်းက သိရပါတယ်။ ဒုရဲအုပ်အောင်မိုးကျော်က တရားလိုပြုလုပ်တိုင်တန်းထားလို့ ပေါင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂၆/၂၀၁၇ အရ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။ သတင်း-ယူမင်းစိုး

A d v e r t i s e m e n t With Us

More News
Up