ဟုမ္မလင်းမြို့နယ်တွင် ရွှေမျောလုပ်သား ၃ ဦး ကျင်းပိသေဆုံး
DVB
·
June 3, 2017
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ထိန်ကုန်းကျေးရွာအနီးမှာရှိတဲ့ ရွှေမျောလုပ်ကွက် အတွင်းမှာ ဇွန်လ ၂ ရက် နေ့လယ် ၁ နာရီခွဲက ရွှေမျော လုပ်သား ၃ ဦး ကျင်းပိသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ရွှေမျောတိုက်ရာကနေ မြေပြိုပြီး ကျင်းပိသေးဆုံးတာာဖြစ်ပြီး သေဆုံးသူ ဦးနေထွန်း၊ ဦးအိုက်ထူးတို့ကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ကျန်ရှိနေတဲ့ ဦးအိုက်စက်ကို ဆက်လက်ရှာဖွေနေပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ ရွှေစက်ပိုင်ကုမ္ပဏီလုပ်ကွက်အတွင်းမှာဖြစ်ပြီး ဦးရဲမြင့်မျော၊ ဦးအောင်လွင်မျော၊ ဦးအိုက်ထင်မျော စတဲ့ ၃ မျောလုပ်ကိုင်နေတာဖြစ်ကြောင်း ဒေသခံ ဦးအောင်စိုးသိန်းက ပြောပါတယ်။
သေဆုံးမှုနဲ့ ပတ်သက်ပြီး နမ့်တောရဲစခန်းက သေမှုသေခင်း ၂၅/၂၀၁၇ နဲ့ အမှုဖွင့်ထားပြီး ကျန်ရှိနေတဲ့ အလောင်း ၁ လောင်းကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ ရဲအုပ် ရဲမင်းစိုးက ပြောပါတယ်။
ဌေးလှိုင်