A d v e r t i s e m e n t With Us

ရီးရဲလ်အသင်း ဖိအားများနှင့် ရင်းနှီးပြီးသားဖြစ်ဟု နည်းပြပြော

ရီရဲလ်မက်ဒရစ်အသင်းဟာ ဖိအားတွေနဲ့ ရင်းနှီးပြီးသား ဖြစ်တယ်လို့ နည်းပြ ဇီဒန်းက ပြောဆိုလိုက်ပါတယ်။ ဒီညမှာ ဂျုဗင်တပ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက် တာပါ။ ရီရဲလ်အသင်းအနေနဲ့ အမြဲတမ်း ဖိအားတွေနဲ့ နေထိုင်လာတဲ့အသင်းလည်း ဖြစ်တယ်လို့ လည်း နည်းပြက ဆိုပါတယ်။ လက်ရှိ ချန်ပီယံ ရီရဲလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲမှာ အက်သလက်တီကို မက်ဒရစ်အသင်းကို အနိုင်ရထားပါတယ်။ ဂျုဗင်တပ်အသင်း နည်းပြ အယ်လီဂရိကတော့ ဗိုလ်လုပွဲမှာ သူတို့အသင်း နိုင်ရမယ်လို့ ပြောပါတယ်။ ဂျုဗင်တပ်အသင်းဟာ ၂၀၁၅ တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ရီရဲလ်အသင်းဟာ ချန်ပီယံလိဂ်သမိုင်းမှာ ၁၁ ကြိမ် ချန်ပီယံ ဖြစ်ထားပြီး အအောင်မြင်ဆုံးအသင်းလည်း ဖြစ်ပါတယ်။ ဒီည ဗိုလ်လုပွဲအတွက် ရီရဲလ်အသင်းမှာ အဓိက ကစားသမားတယောက် ဖြစ်တဲ့ ဂါးရတ် ဘေးလ် ပြန်လည် ပါဝင်လာဖို့ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up