အွန်လိုင်းပေါ် နာမည်ကြီးနေသည့် ဆက်ဆီကျကျ ဟာသနှောသည့် ထိုင်းဘရစ်တနေးစပီးယား (ရုပ်သံ)

1K
ဘရစ်တနေးစပီးယားလို့ ဆိုလိုက်တာနဲ့ ဆွဲဆောင်မှုရှိတဲ့ အသံ၊ လိင်ဆွဲအားပြင်း အလှတရားတွေနဲ့ ဆက်ဆီကျကျ အကအလှတွေနဲ့ သီဆိုသရုပ်ပြတတ်သူ နာမည်ကျော် အမေရိကန် ပေါ့ပ်အဆိုကျော်တဦးကို ပြေးမြင်မိကြမှာပါပဲ။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူ့ရဲ့ နာမည်ကျော်သီချင်းတပုဒ်ဖြစ်တဲ့ Toxic ဆိုတဲ့ သီချင်းကို တုပပြီး ဟာသနှောကာ သီဆိုသရုပ်ဆောင်ထားခဲ့တဲ့ ထိုင်းမော်ဒယ် တဦးကို တွေ့ရမှာပါ။
လက်ရှိမှာတော့ သူ့ကို ဆက်ဆီကျတဲ့ ထိုင်းဘရစ်တနေးစပီးယားလို့ လူသိများ နေကြပြီး နာမည်ကြီးနေပါတယ်။
ဘရစ်တနေးဟာ ဘန်ကောက်မြို့မှာ မကြာခင်လာရောက်ဖျော်ဖြေဖို့ ရှိနေတာ ဖြစ်ပြီး ဂီတဖျော်ဖြေပွဲမတိုင်ခင်မှာ အရောင်းမြှင့်တင်နိုင်ဖို့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို စီစဉ်ရိုက် ကူးခဲ့တာလို့ ဆိုပါတယ်။
ဘရစ်တနေးရဲ့ သီချင်းရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လေယာဉ်တစင်းပေါ်မှာ ဆက်ဆီကျတဲ့ လေယာဉ်မယ်တဦးအသွင်နဲ့ သရုပ်ပြသီဆိုခဲ့တာဖြစ်ပေမယ့် ထိုင်းရုပ်သံဗွီဒီယို ဖိုင်ထဲမှာတော့ ဗီအိုင်ပီဘတ်စ်ကားတစီးပေါ်မှာ ၀န်ဆောင်မှုပေးရတဲ့ ဘတ်စ်မယ်လေး တဦးအဖြစ် ပြောင်းလဲ သရုပ်ဆောင်ထားခဲ့တာကို တွေ့ရပါတယ်။
ဒီသီချင်းရုပ်သံမှာ ပါဝင်သရုပ်ဆောင်ခဲ့သူဟာ ယူကျုဘ်ပေါ်မှာတော့ စတားတ ယောက်ဖြစ်ပြီး ထရက်ခ်ျရှာဘန်ကောက်(Trasher Bangkok)အမည်နဲ့ တခြားသော နိုင်ငံတကာသီချင်းတွေကိုလည်း ထိုင်းစတိုင်နဲ့ သရုပ်ပြဖျော်ဖြေတင်ဆက်နေတာ ဖြစ်ပါ တယ်။
သံစဉ်စာသားတွေနဲ့ သရုပ်ဆောင်နေခဲ့တဲ့ သူ့ရဲ့ အသံနဲ့ အမူအရာတွေကတော့ ဘရစ်တနေးနဲ့ တထပ်တည်းမကျပေမယ့် ပြောင်မြောက်တဲ့ သူ့ရဲ့ ဟာသနှောထားတဲ့ သွင်ပြင်တွေကြောင့် ဒီရုပ်သံဗွီဒီယိုဖိုင်ကို နှစ်သက်သဘောကျသူ တသိန်းကျော် ရှိနေခဲ့ တာပါ။