A d v e r t i s e m e n t With Us

ယာယာတိုရေးကို မန်တီးစီး ၁ နှစ် သက်တမ်းတိုး

ကွင်းလယ်ကစားသမား ယာယာတိုရေးကို မန်စီးတီးအသင်းက စာချုပ်သက်တမ်း ၁ နှစ် တိုးလိုက်ပါတယ်။ အသက် ၃၄ နှစ်ရှိ ယာယာတိုရေးဟာ ပြီးခဲ့တဲ့ ရာသီအစတုန်းက နည်းပြဂွါဒီယိုလာနဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ရာသီနောက်ပိုင်း ကာလမှာ ပြန်လည်အဆင်ပြေခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့် ရလာတာပါ။ မန်စီးတီးအသင်းနဲ့ နောက်ထပ် ၁ နှစ် သက်တမ်းတိုးနိုင်ခဲ့လို ပျော်ရွှင်မိတယ်လို့ တိုရေးက ဆိုပါတယ်။ မန်စီးတီးအသင်းဟာ ဦးတည်ချက်မှန်ကန်ပြီး ကစားသမားကောင်းတွေလည်း ဝင်ရောက်လာတာကြောင့် ဆုဖလားတွေ ထပ်ပြီးရယူလိုသေးတယ်လို့လည်း ယာယာတိုရေးက ပြောပါတယ်။ အိုင်ဗရီကို့စ် ကစားသမား ယာယာတိုရေးဟာ ၂၀၁၀ ခုနှစ်က ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၂၉၉ ပွဲမှာ ၈၁ ဂိုး သွင်းယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up