မန်ချက်စတာဗုံးခွဲသမား စီစီတီဗွီမှတ်တမ်းဓာတ်ပုံများ ရဲတပ်ဖွဲ့ ထုတ်ပြန် (ရုပ်သံ)

1.4K
မန်ချက်စတာဗုံးခွဲသမား ဆယ်လ်မန် အဘီဒီရဲ့ CCTV မှတ်တမ်းဓာတ်ပုံတွကို ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
အသေခံဗုံးမခွဲခင် အဘီဒီ မန်ချက်စတာတစ်ဝိုက်သွားလာခဲ့တဲ့ အနီးကပ်ဓာတ်ပုံတွေကို ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မန်ချက်စတာရဲတပ်ဖွဲ့က အဘီဒီရဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေကိုလည်း ပြန်လည် စစ်ဆေးနေပါတယ်။
ဒါ့အပြင် အကြမ်းဖက်သမား အဘီဒီ မန်ချက်စတာမြို့မှာရှိတဲ့ ဝင်မ်စလိုး (Wilmslow) လမ်းကို မကြာခဏပြန်လာလေ့ရှိတဲ့ အကြောင်းရင်းကိုလည်း ရဲကစုံစမ်းစစ်ဆေးနေပါတယ်။
သူခရီးသွားရာမှာ သယ်သွားလေ့ရှိတဲ့ ခရီးဆောင်အိတ်အပြာကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေနေပါတယ်။ နောက်ပြီး အဘီဒီဟာ အကြမ်းဖက် အဖွဲ့အစည်းတခုရဲ့ အစိတ်အပိုင်း ဟုတ်၊ မဟုတ်ကိုလည်း စုံစမ်းဖော်ထုတ်နေပါတယ်။