A d v e r t i s e m e n t With Us

လေယာဉ်ထိန်းချုပ်ခန်းတွင်းဝင်ရန် ကြိုးစားသည့် ခရီးသည်ကို ၀ိုင်းဝန်းဖမ်းဆီး

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ကနေ ထွက်ခွာလာတဲ့ မလေးရှားအဲလိုင်းပိုင် လေ ယာဉ်တစီးပေါ်မှာ လေယာဉ်ထိန်းချုပ်မောင်းနှင်ခန်းတွင်း ၀င်ရောက်ဖို့ ကြိုးစားခဲ့တဲ့ ခရီးသည်အမျိုးသားတဦးကို လေယာဉ်ဝန်ထမ်းတွေနဲ့ ခရီးသည်အမျိုးသားတွေက ၀ိုင်း ၀န်းဖမ်းဆီးခဲ့ကြရပါတယ်။ ဒီအဖြစ်အပျက်ဟာ မေ ၃၁ ရက်နေ့က သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ကနေ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ဆီ ထွက်ခွာလာခဲ့တာဖြစ်ကာ ဒီအဖြစ်အပျက်ကြောင့် နောက်ကြောင်းပြန် ဆင်းသက်ခဲ့ရတာပါ။ အမ်အိပ်ခ်ျ ၁၂၈ လေယာဉ်ပေါ်မှ ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေဟာ  အဆိုပါအမျိုးသားကို ဝိုင်းဝန်းဖမ်းဆီးကာ ထိုင်ခုံခါးပတ်ကြိုးတွေနဲ့ တုပ်နှောင်ထားခဲ့ရတယ်လို့  မျက်မြင်တွေ့ရှိခဲ့သူတဦးက ပြောပါတယ်။ လေယာဉ်ဟာ မဲလ်ဘုန်းမြို့၊ တော်လာမရင်းလေဆိပ်ကနေ ၂ မိုင်ခွဲလောက် ပျံ သန်းခဲ့အပြီး အန္တရာယ်ကင်းကင်း ပြန်လည်ဆင်းသက်ခဲ့ပြီးနောက်မှာတော့ အဲဒီအမျိုးသားကို လေကြောင်းလိုင်း လုံခြုံရေးတာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးခဲ့တာပါ။ ပြစ်မှုကျူးလွန်သူဟာ အသက် ၂၅ နှစ်အရွယ် သြစတြေးလျနိုင်ငံသားတဦးဖြစ်ပြီး မလေးရှားအဲလိုင်းနဲ့ သြစတြေးလျအာဏာပိုင်တွေက ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြတာပါ။

A d v e r t i s e m e n t With Us

More News
Up