A d v e r t i s e m e n t With Us

ဝန်ထမ်း​လစာ တိုး​မြှင့်​ပေး​ရေး​အဆို ပြည်​ထောင်စုလွှတ်​တော်တွင် အတည်ပြု

ဦး​ရွှေမန်း
အစိုး​ရ ဝန်ထမ်း​တွေကို လစာတိုး​မြှင့်​ပေး​ဖို့​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ ဦး​ရွှေမန်း​က အဆိုတင်သွင်း​တာကို ပြည်​ထောင်စုလွှတ်​တော်က အတည်ပြု​ပေး​လိုက်ပါတယ်။ [caption id="attachment_21007" align="alignleft" width="300" caption="ဦးရွှေမန်း"][/caption] ကျင်း​ပ​နေတဲ့​ လွှတ်​တော်အစည်း​အ​ဝေး​မှာ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ ဦး​ရွှေမန်း​က ဝန်ထမ်း​တွေရဲ့​လုပ်ခလစာနဲ့​ ချီး​မြှင့်​ငွေ​တွေကို လာမယ့်​ ဘတ်ဂျက်နှစ်အစမှာ မဖြစ်မ​နေ တိုး​မြှင့်​ပေး​ရေး​ အပါအဝင် အချက် ၆ ချက်ကို တင်သွင်း​ခဲ့​တာပါ။ “စိတ်ဓာတ်နဲ့​ စည်း​ကမ်း​ကောင်း​အောင် မြှင့်​တင်​ပေး​ရာ ​ရောက်တဲ့​ ဝန်ထမ်း​အဆင့်​အတန်း​အလိုက် ထိုက်သင့်​သော လုပ်ခ၊​ လစာနဲ့​ စရိတ်များ​ ချီး​မြှင့်​ပေး​ခြင်း​၊​ ​လေ့​ကျင့်​ဆွေး​နွေး​ ပညာ​ပေး​ခြင်း​၊​ ဆု​ပေး​ ဒဏ်​ပေး​စနစ် ကျင့်​သုံး​စေခြင်း​ဖြင့်​ နိုင်ငံ​တော်သမ္မတကြီး​ ​ပြောကြား​သော သန့်​ရှင်း​သော အစိုး​ရနဲ့​ ​ကောင်း​မွန်​သော စီမံခန့်​ခွဲမှု ဖြစ်ရန် အလား​အလာ ရှိလာမှာ ဖြစ်ပါတယ်။ လက်ရှိ ရရှိ​နေ​သော လုပ်ခ လစာ စရိတ်နဲ့​ ချီး​မြှင့်​ငွေများ​ဟာ ယ​နေ့​ခေတ် ကာလနဲ့​ လိုက်​လျောညီ​ထွေ မရှိလှပါ။ အ​ခြေခံ စား​ဝတ်​နေ​ရေး​ လူမှု​ရေး​အတွက် ​လောက်ငစွာ မရရှိကြပါ။ ဒါ​ကြောင့်​ ကျ​နော်ရဲ့​ တင်ပြချက်သည် ယ​နေ့​ဝန်ထမ်း​များ​ရဲ့​ လုပ်ခ လစာ၊​ စရိတ်၊​ ချီး​မြှင့်​ငွေများ​အား​ ထိုက်သင့်​သလို အလျင်အမြန် တိုး​ပေး​ရန် လိုအပ်တယ်ဆိုတဲ့​ အချက်ကို ​ထောက်ပြခြင်း​ပဲ ဖြစ်ပါတယ်။” ပြည်​ထောင်စု လွှတ်​တော်ကလည်း​ အဲဒီ့​ အဆိုပြုချက်ကို အတည်ပြု​ပေး​လိုက်ပါတယ်။ အခုလို လစာ​တွေ တိုး​မြှင့်​မယ့်​အ​ပေါ် ​ရွှေ့​ပြောင်း​အလုပ်သမား​တဦး​က “ကိုယ့်​နိုင်ငံမှာ လစာတိုး​မယ်ဆိုရင်​တော့​ လွတ်လွတ်လပ်လပ် လုပ်စား​လို့​ရတယ်။ သူများ​နိုင်ငံမှာ ဆိုရင်​တော့​ မလွတ်မလပ်နဲ့​ လုပ်စား​ရ​တော့​ ကိုယ့်​နိုင်ငံက ပို​ကောင်း​တာ​ပေါ့​။ ကျမအ​နေနဲ့​ ကိုယ့်​နိုင်ငံမှာ လစာတိုး​မယ်ဆိုရင် ​ကောင်း​မယ်လို့​ ထင်တယ်။” အစိုး​ရဝန်ထမ်း​တွေ လစာတိုး​မယ့်​ သတင်း​ကြား​တဲ့​အခါ ထိုင်း​-မြန်မာနယ်စပ်​ရောက် မြန်မာ​ရွှေ့​ပြောင်း​အလုပ်သမား​တွေကလည်း​ ပြည်တွင်း​က စက်ရုံ အလုပ်ရုံ​တွေမှာ လစာတိုး​လာနိုင်မယ်လို့​ ​မျှော်လင့်​နေကြပါတယ်။ “လစာ​တွေ တိုး​တယ်ဆို​တော့​ ​ကောင်း​တာ​ပေါ့​လေ။ ​ကျေး​ဇူး​တင်ပါတယ်။ လစာတိုး​ပေမယ့်​ ကုန်​ဈေး​နှုန်း​တွေက တတ်လာတယ်ဆိုရင် လစာတိုး​တာလည်း​ ဘာမှမထူး​ဘူး​လေ။ ကိုယ့်​နိုင်ငံမှာ​တော့​ ကိုယ်လုပ်စား​ချင်တာ​ပေါ့​။” သမ္မတ ဦး​သိန်း​စိန်အစိုး​ရ လက်ထက်မှာ ဝန်ထမ်း​ဟောင်း​ ပင်စင်စား​တွေအတွက် ပင်စင်လစာ တိုး​ပေး​ဖူး​ပြီး​ လက်ရှိဝန်ထမ်း​လစာ တိုး​မြှင့်​ပေး​ဖို့​ အတည်ပြုလိုက်တာက​တော့​ ပထမဆုံး​အကြိမ် ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up