ကျောင်းသူနှစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းဆရာကို ထောင်ဒဏ် အနှစ် ၄၀ ချမှတ်
DVB
·
June 1, 2017
ကျောင်းသူနှစ်ဦးကို မတရားပြုကျင့်မှုနဲ့ ပတ်သက်ပြီး ကျောင်းဆရာတဦးကို အမြင့်ဆုံးထောင်ဒဏ် ချမှတ်လိုက်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်မှ အဋ္ဌမတန်းကျောင်းသူနှစ်ဦးအား အဓမ္မပြုကျင့်တဲ့ ကျောင်းဆရာကို ဖျာပုံခရိုင်တရားရုံးက မေလ ၃၁ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် အနှစ် ၄ဝ ချမှတ်လိုက်တာပါ။
ရွှေညောင်ပင်ကျေးရွာ အလယ်တန်းကျောင်းမှ ကျောင်းသူနှစ်ဦးရဲ့ အုပ်ထိန်းသူတို့က သီးခြားစီ အမှုဖွင့် တိုင်ကြားခဲ့ကြပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ အရ အမှုတခုလျှင် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခဲ့ပြီး အမှုနှစ်ခုအတွက် စုစုပေါင်း ထောင်ဒဏ် အနှစ် ၄ဝ ချမှတ်ခဲ့တာပါ။
၂ဝ၁၆ ခုနှစ်က တစ်နိုင်ငံလုံး မုဒိမ်းမှု တိုင်ကြားချက်ပေါင်း ၁,၁ဝဝ ရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုးကားပြီး ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာ သတင်းတပုဒ်တွင် ဖော်ပြထားပြီး အရွယ်မရောက်သေးသူကို ကျူးလွန်တဲ့ အမှုပေါင်း ၆၇၁ မှု ပါဝင်ပါတယ်။