Home
မြန်မာသတင်း
ဗော့ဒ်ကာသောက်ပြိုင်ပွဲတွင် ၃ လီတာသောက်သည့် အမျိုးသားတဦး သေဆုံး
DVB
·
June 1, 2017
ဗော့ဒ်ကာသောက်ပြိုင်ပွဲမှာ အနိုင်ရရင် ဗော့ဒ်ကာ ၁၀ ပုလင်းရမှာမို့ ပုံးထဲက အပြင်းစားဗော့ဒ်ကာအရက်ကို သောက်ပြီး လူ ၆ ဦး အပြင်းအထန် အမူးလွန် ဝေဒနာခံစားရကာ သူတို့အထဲက အမည်မဖော်ပြတဲ့ အမျိုးသားတဦး သေဆုံးသွားပါတယ်။ ရုရှားနိုင်ငံအနောက်တောင်ပိုင်း ရို့စ်တော့ဗ်အောဘလက်စ်ဒေသ ဗော်လ်ဂိုဒွန်စ်က်မြို့ ဈေးဝယ်ကုန်တိုက်အသေးတခုမှာ ကျင်းပတဲ့ “ဘယ်သူ ဗော့ဒ်ကာပိုသောက်နိုင်လဲ/Who can drink more Vodka” ဆိုတဲ့ ထူးခြားတဲ့ပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း ဒီအမျိုးသားက သေဆုံးခဲ့တာလို့ မေရာရဲ့ မေလ ၃၁ ရက်နေ့သတင်းမှာ ဖေါ်ပြထားပါတယ်။ ဒီပြိုင်ပွဲမှာ အမျိုးသား ၄၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပုံးထဲမှာ ထည့်ထားတဲ့ ဗော့ဒ်ကာတွေကို သောက်ရမှာပါ။ အဲဒီလို အရက်အလွန်အကျွံသောက်ခဲ့ပြီး သူတို့ထဲက ၅ ဦး အသည်းအသန် ဆေးကုသပေးခဲ့ရပါတယ်။ တဦးကတော့ သေဆုံးခဲ့တာလို့ သိရပါတယ်။ ရဲတွေက အစပိုင်းမှာ မတော်တဆ သေဆုံးမှု ကြော်ငြာဥပဒေကို ချိုးဖောက်မှု စတဲ့ရာဇဝတ်မှု ပုဒ်မတွေနဲ့ ဒီကုန်တိုက်ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ဝင်ပြိုင်သူတွေကို ဆလာမီခေါ် အသားချောင်းနဲ့ ပေါင်မုန့်တွေ ကျွေးပြီး အနိုင်ရရင် ဗော့ဒ်ကာ ၁၀ ပုလင်း ဆုရမှာလို့ ဆိုပါတယ်။ ပြိုင်ပွဲပြီးလို့ မိနစ်အနည်းငယ်အကြာမှာ ဝင်ပြိုင်သူအချို့ ပြင်းထန်တဲ့ အမူးလွန် ဝေဒနာ ခံစားရလို့ ဆရာဝန်က ၆ ဦးကို ကုသပေးခဲ့ရတာပါ။ “သူက ဗော့ဒ်ကာ ၃ လီတာ သောက်နိုင်ခဲ့တယ်၊ သူက ပုံမှန်လူတယောက်ဆိုရင်တော့ မသေလောက်ပါဘူး” လို့ သေဆုံးသူပြိုင်ပွဲဝင်နဲ့ ပတ်သက်ပြီး ဆရာဝန်က ပြောပါတယ်။ “ပြိုင်ပွဲမှာ ဝင်ပြိုင်သူတွေက ဘယ်သူတိုက်တွန်းလို့မှ ဝင်ပြိုင်တာမဟုတ်တော့ ပြိုင်ပွဲကျင်းပသူတွေ အပြစ်က လွတ်နိုင်မှာပါ” လို့ ဒေသရဲ့ တရားလို လက်ထောက်ရှေ့နေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024