အင်္ဂလိပ်ရိုးရာ ချိစ်ဖမ်းပွဲ (ရုပ်သံ)

718
အင်္ဂလိပ်ရိုးရာ (Cheese) ချိစ်ဖမ်းပွဲကို ထောင်ပေါင်းများစွာသော ပွဲကြည့်သူတွေ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
အဲဒီပွဲတော်ကို ဂလက်စတာရှဲ (Gloucestershire) ကျေးလက်ဒေသက ကူးပါးတောင်ကုန်း (Cooper's Hill) မှာ မေလ ၂၉ ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားပြိုင်ပွဲမှာ အနိုင်ရရှိခဲ့သူဟာ ဘရော့ဝါ့သ် (Brockworth) ရပ်ကွက်နေ အသက် ၂၉ နှစ်အရွယ် ခရစ်စ်အန်ဒါဆန် (Chris Anderson) ဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲမှာ အနိုင်ရရှိခဲ့သူဟာလည်း ဘရော့ခ်ဝါ့သ်ရပ်ကွက်က အသက် ၁၈ နှစ်အရွယ် ကီဗီမော်ဂန် (Keavy Morgan) ဖြစ်ပါတယ်။
အဲဒီပြိုင်ပွဲကို အစောဆုံး ရေးသား မှတ်တမ်းတင်ထားတာကို ၁၈၂၆ ခုနှစ်မှာ စတင်တွေ့ရှိရပေမယ့် တကယ်တမ်း အဲဒီထက် နှစ်ပေါင်းများစွာ ရှေးကျတဲ့ သမိုင်းရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။