နမ္မတူတွင် ဘုရားမီးပူဇော်ရာမှ နေအိမ်မီးလောင်
နန်းမြနဒီ
·
May 31, 2017
ရှမ်းပြည်နယ် ကျောက်မဲခရိုင် နမ္မတူမြို့ ပန်ဟိုက် (၄) ရပ်ကွက်ထဲမှာ မေ ၃၀ ရက်နေ့ ညသန်းခေါင်ကျော်အချိန်က နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
အသက် ၈၉ နှစ်ရွယ် ဦးသိန်းဟန်ဆိုသူမှာ အဆိုပါအိမ်မှာ တဦးတည်းနေထိုင်ပြီး ဘုရားမီး ပူဇော်စဉ် ဖယောင်းတိုင်မီးထွန်းရာကနေ လောင်ကျွမ်းခဲ့တာလို့ နမ္မတူမြို့မရဲစခန်း တာဝန်ကျရဲ အရာရှိတဦးက ပြောပါတယ်။
“မနေ့ည ၁၂ နာရီကျော်က သူက ဘုရားမီးထွန်းထားတာကနေ ဖယောင်းတိုင်မီးက အောက်က ခံခွက်မရှိဘဲနဲ့ လောင်သွားတာလေ၊ မီးသတ်ကား ၂ စီးနဲ့ သွားငြှိမ်းတာ၊ ၁၅ မိနစ်လောက်မှာ မီးညွန့်ကျိုးတယ်။ အိမ်တစ်လုံးလုံးတော့ လောင်သွားတယ် ၊ ထိခိုက်ဒဏ်ရာရသူ မရှိဘူး
မီးလောင်ကျွမ်းမှုကြောင့် ရွှံ့အုတ်ကာ၊ သွပ်မိုး၊ မြေစိုက်အိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး အိမ်ရှင် ဦးသိန်းဟန်ကို မီးပေါ့ဆမှုနဲ့ ရဲစခန်းက အရေးယူထားပါတယ်။