ဆေးရွက်ကြီး စိုက်ပျိုးမှု သဘာဝပတ်ဝန်းကျင် ထိခိုက်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော

ဆေးရွက်ကြီး စိုက်ပျိုးမှုဟာ ဓာတုပစ္စည်း စွမ်းအင်နဲ့ ရေအရင်းအမြစ်တွေ သုံးစွဲရမှု၊ ထုတ်လုပ်ဖြန့်ချိရာမှာ ထွက်လာတဲ့ ညစ်ညမ်းမှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်စေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က  မေ ၃၀ ရက်နေ့က ပြောလိုက်ပါတယ်။ ဆေးရွက်ကြီး လုပ်ငန်းရှင်တွေက ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအတွက် အပြစ်တင်ခံနေရတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေကို ထုတ်လွှတ်နေတဲ့ သူတို့ရဲ့ ထုတ်ကုန်တွေအတွက် လျော်ကြေးပေးဖို့လည်း ကုလသမဂ္ဂအဖွဲ့ကြီးက ဆော်သြပါတယ်။ ဒါပေမယ့် ပျက်စီးမှု ပမာဏကို ခန့်မှန်းချက်တော့ မပေးပါဘူး။ ဆေးရွက်ကြီးကြောင့် ဖြစ်တဲ့ ကျန်းမာရေး အသုံးစရိတ်တွေနဲ့ ကုန်ထုတ်လုပ်မှု ဆုံးရှုံးမှုတွေကနေ နှစ်စဉ်  အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံနီးပါးထိ ကုန်ကျနေတယ်။ ဒီကုန်ကျစရိတ်ဟာ အိမ်ထောင်စုတွေနဲ့ အစိုးရတွေအတွက် တကယ့် စီးပွားရေး ဝန်ထုပ်ဝန်ပိုးပဲလို့ WHO က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up