A d v e r t i s e m e n t With Us

အူပင်အသင်းမှ ၁၉ နှစ်ရွယ် တိုက်စစ်မှူးကို အာဆင်နယ် ခေါ်ယူ

အာဆင်နယ်အသင်းဟာ ဘယ်လ်ဂျီယံ ကလပ် အူပင်အသင်းက အသက် ၁၉ နှစ်သာရှိသေးတဲ့ တိုက်စစ်မှူးး ဟင်နရီ အွန်ရီကူရူကို ပေါင် ၆ ဒသမ ၈သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ ကူရူကို ဂျာမန်၊ စပိန်နဲ့ ပြင်သစ် ထိပ်သီးကလပ်တွေက ခေါ်ယူဖို့ စောင့်ကြည့်ခံနေရတဲ့ ကစားသမားဖြစ်ပြီးတော့ အာဆင်နယ်အသင်းက လက်ဦးမှုရယူလိုက်တာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေ ဖြစ်တဲ့ ဆွမ်ဆီး၊ ဝက်စ်ဟမ်းနဲ့ ဘရိုက်တန်အသင်းတွေကလည်း ခေါ်ယူလိုနေတာဖြစ်ပေမယ့် ကူရူဟာ ပုံမှန်ပွဲထွက်ခွင့်ရရှိပြီး သူ့ရဲ့ ခြေစွမ်းတိုးတက်လာနိုင်တဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တာလို့ သိရပါတယ်။ အဆိုပါ နိုင်ဂျီးရီးယားလူမျိုး တိုက်စစ်မှူးငယ်လေးဟာ ပြီးခဲ့တဲ့ ရာသီက အူပင် အသင်းအတွက် ၂၄ ဂိုးထိသွင်းယူပေးထားတဲ့ ကစားသမားဖြစပြီး လက်ရှိအချိန်မှာတော့ နိုင်ဂျီးရီးယား အသင်းအတွက် တိုဂိုနဲ့ ကော်ဆီကာ ချစ်ကြည်ရေးခြေစွမ်းပွဲကစားဖို့ သွားရောက်နေတာပါတယ်။

A d v e r t i s e m e n t With Us

More News
Up