ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 31, 2017
ပဲစင်းငုံ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံက ၁ တန်ကို ငွေကျပ် ၆၉၃,၀၀၀ ပေါက်ဈေး ရှိနေပြီး ၁ တန်ကို ၅၉၀၀၀ ကျပ် ဈေးတက်လာပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီနေ့မှာ ၁ တန်ကို ၉,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တန်ကို ငွေကျပ် ၉၀၅,၀၀၀ ပေါက်ဈေးရှိပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၈၅ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ၂,၃၃၀ ကျပ် ပေါက်ဈေးရှိပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲကတော့ ၁ ပိဿာကို ငွေကျပ် ၁,၇၇၅ ကျပ် ပေါက်ဈေးရှိပြီးတော့ ၁၄၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ကုလားပဲလုံး
ကုလားပဲလုံးကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၅၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက တော့ ၁ ပိဿာကို ၂၀၀၀ ကျပ် ရှိပါတယ်။
ပဲပုတ်(ရှမ်း)
မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ရှမ်း)က ၁ အိတ်ကို ငွေကျပ် ၉,၀၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၆၉,၀၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။
နှမ်းညို
နှမ်းညိုကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၇,၀၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၈၈,၀၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁၈၆၀ ကျပ် ရှိပြီး ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA