A d v e r t i s e m e n t With Us

ရေတံခွန်ကဲ့သို့ဖြစ်သွားခဲ့သည့် ဘန်ကောက်မြို့လယ်ကုန်တိုက်ကြီး( ရုပ်သံ)

ထိုင်းနိုင်ငံမှာ သည်းသည်းထန်ထန် ရွာသွန်းခဲ့တဲ့ မိုးကြောင့် ရေကြီးရေလျှံမှုတွေ နေရာအနှံ့ ဖြစ်ပေါ်ခဲ့ပါတယ်။ မြို့တွင်းမြို့ပြင်မကျန် ရေကြီးရေလျှံမှုတွေကြောင့် လမ်းမတွေ၊ လူနေအိမ်တွေ၊ ကျောင်းတွေ၊ ဈေးဝယ်ဝင်တာတွေ၊ ကုန်တိုက်ထဲတွေအထိ ရေတွေ ၀င်ရောက်ခဲ့တာလို့ ထိုင်းရတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီသတင်းမှာတော့ မေလ ၃၀ ရက်နေ့က မိုးကြီးရေလျှံမှုတွေကြောင့် ကုန်တိုက်တခုထဲ ရေတွေဝင်ရောက်ခဲ့ပြီးနောက်မှာ ရေတံခွန်တခုလို ဖြစ်နေခဲ့တဲ့ ကုန်တိုက်တခုကို လူမှုကွန်ရက်မီဒီ ယာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေခဲ့ကြတာကို ဖော်ပြခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ကုန်တိုက်တွေထဲက တခုဖြစ်တဲ့ စင်ထရယ်ဝေါလ်ဒ်ကုန်တိုက်ရဲ့ လှေကားထစ်အဆင့်တွေပေါ်ကနေ ရေတံခွန်တခုလို ရေတွေစီးကျနေခဲ့တာကို တွေ့ရမှာပါ။ ဒါဟာ လတ်တလော အင်တာနက်အသုံးပြုသူတွေကြားမှာ ရယ်မောစရာတခုလို ပြောဆိုနေကြပြီး နိုင်ငံတွင်းက ရေတံခွန်တွေကို သွားစရာမလိုတဲ့ ဘန်ကောက်ရေတံခွန်လို့ ပြောဆိုနေကြတာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ရာဗင် ရာဂျာတဗန်အမည်နဲ့ ဖေစ့်ဘွတ်ခ်အသုံးပြုသူတဦးက သူ့ရဲ့ စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာဖြစ်ပြီး “စင်ထရယ်ဝေါလ်ဒ် ရေတံခွန်”လို့ နာမည်တပ်ဖော်ပြခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up