Home
မြန်မာသတင်း
ရွှေခေတ် မြန်မာ့ဂန္ထဝင်ဘောလုံးသမား ဦးမျိုးဝင်းညွန့် ကွယ်လွန်
DVB
·
May 31, 2017
ရွှေခေတ် မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားဟောင်းတဦးဖြစ်တဲ့ ဦးမျိုးဝင်းညွန့်(အသက် ၇၂ နှစ်) ဟာ  ဒီကနေ့ မနက်  ၁ နာရီလောက်က  ကွယ်လွန်သွားတယ်လို့  မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ဦးမျိုးဝင်းညွန့်ဟာ ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်မှာ မြန်မာ ဘောလုံးအသင်းနဲ့အတူ အသန့်ရှင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ဗဟာဒူး၊ အေးမောင်ကြီး၊ ဘပု၊ ဂိုးသမားတင်အောင် စသူတွေနဲ့ ခေတ်ပြိုင် မြန်မာ့လက်ရွေးစင်ကစားသမား ဖြစ်ပါတယ်။ ဦးမျိုးဝင်းညွန့်ဟာ ရွှေခေတ်ဂိုးသမားကြီး ဦးတင်အောင် ပြီးရင် မြန်မာနိုင်ငံမှာ ဒုတိယမြောက် ဆုတံဆိပ်ရရှိမှု အများဆုံးကစားသမားအဖြစ် နိုင်ငံဂုဏ်ဆောင်ခဲ့သူတဦး ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ  အာရှဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တဲ့  Service Award (AFC GOLDEN STAR AWARD) ရရှိခဲ့ပါတယ်။ မကွယ်လွန်ခင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင်၊ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကြီးကြပ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်သွားတာဟာ မြန်မာ့ဘောလုံးလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - Myanmar Football Federation
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024