A d v e r t i s e m e n t With Us

တရုတ်တွင် လုံခြုံရေးအစောင့်ကို မာစီးဒီးကားက တက်ကြိတ်(ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းတုံပြည်နယ်မှာ ကားဝင်ခွင့်မပြုတဲ့ လုံခြုံရေးအစောင့်တဦးကို မာစီဒီးကားတစီးက နင်းပြီးကျော်သွားတဲ့ ရုပ်သံတခု လူမှုကွန်ရက်မှာ ပျံ့နေပါတယ်။ Shanghaiist  အမည်ရှိ ဖေ့စ်ဘွတ်ခ်ပိုင်ရှင် တင်ထားတဲ့ ကြာချိန် ၅၄ စက္ကန့်ရှိ ရုပ်သံထဲမှာ တားမြစ်နေရာထဲ ဝင်ရောက်လာတဲ့ မာစီးဒီးကားတစီးကို လုံခြုံရေးအစောင့်တဦးက ဟန့်တားခဲ့ပေမယ့် အဲဒီကားက နောက်မဆုတ်ဘဲ ရှေ့ဆက်တိုးလာတာကို တွေ့ရပါတယ်။ ဒါကြောင့် အစောင့်ဖြစ်သူက သူ့ကိုယ်ကို ကားရှေ့မှာ လှဲချလိုက်ပြီး ဟန့်တားလိုက်တယ်။ ဒါကိုလည်း မာစီဒီးက ဂရုမစိုက်ဘဲ သူ့ကိုနင်းကျော်ပြီး မောင်းသွားပါတယ်။ ကားအောက်ရောက်သွားတဲ့ အစောင့်ဟာ ကံသီစွာနဲ့ ဒဏ်ရာအနည်းငယ်သာရပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up