မလေးရှားရောက် မြန်မာ ၂ ဦးကြား ဓားဖြင့် ခိုက်ရန်ဖြစ်ပွား (ရုပ်သံ)
DVB
·
May 31, 2017
မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၂ ဦးကြား ဓားနဲ့ ခိုက်ရန်ဖြစ်ပွားမှုတခု ဖြစ်ခဲ့တယ်လို့ မလေးရှားနိုင်ငံအခြေစိုက် သည်စတားသတင်းမှာ မေလ ၃၀ ရက်နေ့က ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ဂျလန်ဝက်စ်လဲန်းဒေသမှာ နေ့ခင်းကြောင်တောင်အချိန် ဖြစ်ခဲ့တာဖြစ်ပြီး အဆိုပါ မြန်မာအမျိုးသား ၂ ဦးဟာ သူငယ်ချင်းတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
သူတို့ ၂ ဦးခိုက်ရန်ဖြစ်ပွားခဲ့ချိန်မှာ အနီးနားမျက်မြင်တွေ့ရှိသူတွေက ဖျန်ဖြေဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပဲ တယောက်က သားခုတ်ဓားနဲ့ ခုတ်ခဲ့တာပါ။
အဲဒီနောက်တော့ အနီးနားက ဒေသခံတယောက်က ဓားနဲ့ခုတ်သူကို သစ်သား ပိုင်းတပိုင်းနဲ့ ရိုက်လိုက်တော့မှ ရန်ပွဲဆုံးခဲ့တာပါ။
ဓားနဲ့ ခုတ်ခံရသူဟာ မြေပြင်ပေါ် သွေးတွေနဲ့ လဲကျနေခဲ့ပြီး နောက်တယောက်ဟာ ရဲတွေ ရောက်မလာခင်ထိ အနားမှာ ထိုင်ချခဲ့ပြီး လက်ကို ဆုတ်ကိုင်ထားခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
လက်ရှိမှာတော့ ဓားနဲ့ခုတ်သူကို ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားကာ ဓားဒဏ် ရာရရှိခဲ့သူကိုတော့ ပီနန်းဆေးရုံဆီ ပို့ဆောင်ထားခဲ့ရတာပါ။
လက်ရှိမှာတော့ အသေးစိတ်အခြေအနေတွေကို မသိနိုင်သေးပဲ အဆိုပါ မြန်မာအမျိုးသား ၂ ဦးရဲ့ အမည်ကိုလည်း သတင်းမှာ မဖော်ပြထားပါဘူး။