A d v e r t i s e m e n t With Us

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် သဲမုန်တိုင်းကြီး ကြောက်မယ်ဖွယ် တိုက်ခတ် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းအူဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မေလ ၃၀ ရက်နေ့က သဲမုန်တိုင်း တိုက်ခတ်ခဲ့ပါတယ်။ သဲမုန်တိုင်းဟာ ကာရှီနယ်မှာရှိတဲ့ မြို့တွေ၊ စီရင်စုတွေမှာ တိုက်ခိုက်ခဲ့ပြီး မှိုပွင့်သဏ္ဌာန် ဖုန်လုံးကြီးတွေ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ကာရှီမြို့နဲ့ ရှာချီ၊ ယီချန်း၊ ဇေပူ၊ ယိုပါဂါ တို့လို ကောင်တီတွေဟာ မြင်ကွင်းဝေဝါးမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်တွေနဲ့ အိမ်တွေ ပျက်စီးခဲ့ပါတယ်။ သဲမုန်တိုင်း တိုက်ခတ်ရာ နေရာမှာ လေတိုက်နှုန်းဟာ ၁ နာရီကို  ၃၈ ကီလိုမီတာ ရှိပါတယ်။ ဒေသမိုးလေဝသဌာနက သဲမုန်တိုင်းဟာ ဆက်လက်ကြာမြင့်နိုင်ပြီး ဒေသစိုက်ပျိုးရေးနဲ့ ယာဉ်အသွားအလာကို ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။ ရှင်းကျန်းမိုးလေဝသဌာနရဲ့ ကြိုတင်ခန့်မှန်းချက်အရ ကာရှီနယ်အပြင် တာရမ်ချိုင့်ဝှမ်းရှိ တခြားဒေသတွေဟာလည်း နောင် ၃ ရက်အတွင်း သဲမုန်တိုင်းအန္တရာယ်ကို ကြုံတွေ့ရနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ရုပ်သံ - CCTV

A d v e r t i s e m e n t With Us

More News
Up