A d v e r t i s e m e n t With Us

ယူကရိန်းတွင် မြေအောက်ပိုက်လိုင်းကြီး ဗုံးကွဲသလို ကြောက်မက်ဖွယ်ပေါက်ကွဲ (ရုပ်သံ)

ယူကရိန်းနိုင်ငံမှာ မြေအောက်ရေပိုက်လိုင်းတခု ကြောက်မက်ဖွယ် ပေါက်ကွဲခဲ့လို့ ကားတွေနဲ့ နေအိမ် အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သြစတေးလျနိုင်ငံ အခြေစိုက် အေဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ရေပိုက်လိုင်းရှိရာ မြေအောက်မှ အုံကြွတက်လာခဲ့ကာ လွင့်စဉ်ပေါက်ကွဲထွက်သွားခဲ့တာကို ထိတ်လန့်ဖွယ် တွေ့မြင်ကြရမှာပါ။ အဲဒီနောက်တော့ ဘေးပတ်ဝန်းကျင် နေရာအနှံ့ ရေတွေ ပေါက်ထွက်သွားခဲ့ပြီး လမ်းမတွေပေါ် စီးသွားခဲ့တာကို တွေ့ရပါတယ်။ အနီးနားက အိမ်ထဲက လူတွေဟာ ဘာဖြစ်မှန်း မသိခဲ့ကြပဲ ထွက်ကြည့်ခဲ့ကြတာပါ။ ဒီအဖြစ်အပျက်မှာ ကံကောင်းထောက်မစွာပဲ လူတဦးတယောက်မှ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ သတင်းထဲမှာ ဖော်ပြထားတာမျိုး မရှိခဲ့ပါဘူး။

A d v e r t i s e m e n t With Us

More News
Up