ရွှေကျင်မြို့နယ်တွင် အမျိုးသား ၁ ဦး ကြိုးဆွဲချ သေဆုံး
DVB
·
May 31, 2017
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် တောင်ဘက်ကျေးရွာမှာ မေလ ၃၀ ရက် မနက် ၇ နာရီခွဲလောက်က အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ ရွှေကျင်မြို့မရဲစခန်းက ပြောပါတယ်။
ရွှေကျင်မြို့ တောင်ဘက်ကျေးရွာနေသူ ကိုစန်းထိုက် (၄၆) နှစ်ဆိုသူဖြစ်ပြီး နေအိမ် အနောက် ဘက်ရှိ အမြင့်ပေ ၁၂ ပေ လုံးပတ် ၆ လက်မလောက်ရှိ မာလာကာပင်ကိုင်းမှာ အရှည် ၄ ပေခွဲလောက် လုံးပတ်လက်သန်းလုံးလောက်ရှိတဲ့ နိုင်လွန်ကြိုးကို ကွင်းပြုလုပ်ပြီး လည်ပင်း စွပ်ကာ ပြုတ်ကျ ကြိုးဆွဲချသေဆုံးခဲ့တာပါ။
“သေဆုံးသူရဲ့ သမီးကတွေ့ပြီး အဒေါ်ဖြစ်သူကို အကြောင်းကြားခဲ့ပြီး သေဆုံးသူမှာတော့ ပြင်ပ ဒဏ်ရာ မတွေ့ရှိရဘဲ ရင်ခွဲစစ်ဆေးနိုင်ဖို့ ရွှေကျင်ကုတင် ၁၀၀ ဆေးရုံကိုပို့ဆောင်ထားတယ်” လို့ ရွှေကျင်မြို့မရဲစခန်း တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ကြိုးဆွဲချသေဆုံးမှုနဲ့ပတ်သက်ပြီး ရွှေကျင်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၀/၂၀၁၇ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်