မျိုချခဲ့သည့် ပလစ်စတစ်ဘူးခွံကို မြွေဟောက်ကြီးက ဘယ်လို ပြန်အန်ချသလဲ (ရုပ်သံ)

မြွေဟောက်ကြီးတကောင်ဟာ ပလတ်စတစ်ဘူးခွံတလုံးကို အစာအဖြစ်မျိုချခဲ့ပြီး တဲ့နောက်မှာ ခက်ခက်ခဲခဲ ပြန်ထွေးအန်ချခဲ့ရပါတယ်။ ဂေါသမ် ဘားဂတ်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက မေလ ၂၆ ရက်နေ့မှာ သူ့ရဲ့ စာမျက်နှာပေါ်ကတဆင့် ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကို မျှဝေခဲ့တာပါ။ သူဟာ ဒီမြွေဟောက်ကြီးကို ကန်နာကိုနာမြို့၊ ကော့ဗရမ်ရွာထဲက အိမ်တအိမ်မှာ ဖမ်းမိခဲ့ပြီးနောက်မှာ ခုလိုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဘားဂတ်က “ကျနော် မြွေကြီးကို စတွေ့တွေ့ချင်း သူဟာ အကောင်ဗလောင်တ ကောင်ကောင်ကို ၀ါးမျိုထားလို့ ၀မ်းဗိုက်ကြီး ဖောင်းနေခဲ့တာဖြစ်မယ်လို့ ထင်ခဲ့တာဗျ။ သူ့ဗိုက်ကြီးက ဖောင်းကားနေတယ်လေ။ ဒါပေမယ့် နောက်တော့ သူ့ရဲ့ ၀မ်းဗိုက်ပိုင်းကနေ တရွေ့ရွေ့နဲ့ ပုလင်းကြီးဟာ ပါးစပ်ကနေတဆင့် ပြန်အန်ထွက်ခဲ့တာပါ”လို့ ပြောပါ တယ်။ ပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတဦးကတော့ ဒါဟာ သာမန်ဖြစ်ရိုးဖြစ် စဉ်မြင်နေကျမဟုတ်တဲ့ အခြေအနေတခုဖြစ်တယ်လို့ ဆိုပါတယ်။ “မြွေတွေဟာ အစာအဖြစ်ချေဖျက်နိုင်တဲ့ အကောင်ဗလောင်တွေကို မျိုချလိုက်ချိန်မှာ ဘာပြဿနာမှမရှိပေမယ့် ခုလိုမချေဖျက်နိုင်တဲ့ ပစ္စည်းတွေကိုတော့ အစာအိမ်က လက်မခံနိုင်ပဲ ပြန်အန်ထုတ်လိုက်မှပဲ အသက်ရှင်လွတ်မြောက်နိုင်တာမျိုးပါ။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up