ကြည်ရွာသားတွေပြန်ပြောပြတဲ့ ဒီပဲယင်းလုပ်ကြံမှုအကြောင်း (ရုပ်သံ)
DVB
·
May 30, 2017
ပါတီစည်းရုံးရေးခရီးထွက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးတင်ဦးတို့ရဲ့ယာဉ်တန်း ဒီပဲယင်းမြို့နယ်၊ ကြည်ရွာမှာ လူတစုရဲ့ အကြမ်းဖက်တိုက်ခိုက် ခံခဲ့ရတာဟာ ဒီကနေ့ မေ ၃၀ ရက်ဆိုရင် ၁၄ နှစ်တိတိ ရှိပြီဖြစ်ပါတယ်။
ဒီပဲယင်းအရေးအခင်းဖြစ်ပွားခဲ့တာ နှစ်တွေ ဆယ်စုနှစ်နဲ့ချီကြာလာပြီဖြစ်ပေမယ့် ခံစားခဲ့ ရသူတွေနဲ့ ဒေသခံတွေကတော့ ဒီအဖြစ်အပျက်တွေကို မမေ့နိုင်သေးဘဲ သေဆုံးသူတွေအတွက် လွမ်းသူ့ပန်းခွေချ၊ သံဃာတော်တွေကိုပင့်ဖိတ်ကာ ဒီကနေ့ ဆွမ်းကပ်အမျှဝေခဲ့ကြပါတယ်။
မြန်မာ့နိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းမှာ ဖျောက်ဖျက်မရတဲ့ Black Friday ခေါ် အမှောင်ဖုံးတဲ့သောကြာနေ့အကြောင်း ဒေသခံကြည်ရွာသားတွေက ပြန်ပြောင်းပြောပြ ထားပါတယ်။