Friday, June 9, 2023
HomeLead Storyဟတ်ဒါစဖီးအသင်းက ရက်ဒင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ် တန်းတက်ခွင့်ရ

ဟတ်ဒါစဖီးအသင်းက ရက်ဒင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ် တန်းတက်ခွင့်ရ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံရှစ်အတန်းက တန်းတက် ပွဲစဉ်အတွက် ယှဉ်ပြိုင်ရာမှာ ဟတ်ဒါစဖီးအသင်းက ရက်ဒင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် ရသွားပါတယ်။

ပွဲချိန် မိနစ်အတွင်းမှာ ဂိုးမရှိ သရေကျတဲ့အတွက် အချိန်ပိုနဲ့ ပင်နယ်တီအထိ ဆက်ခဲ့ရပါတယ်။

ဟတ်ဒါစဖီးအသင်းကတော့ ၄၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် ရသွားတာ ဖြစ်ပါတယ်။

တန်းတက်ခွင့်ရတဲ့အတွက် အသင်းအနေနဲ့ လာမယ့်နှစ်မှာ ၀င်ငွေ ပေါင်သန်း ၁၇၀ လောက်အထိ အနည်းဆုံး ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဟတ်ဒါစဖီးအသင်းဟာ ၁၉၇၂ မှာ ချန်ပီယံရှစ်တန်းကို တန်းဆင်းခဲ့ရတာပါ။

ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ချန်ပီယံရှစ်အတန်းမှာ ရုန်းကန်ခဲ့ရပြီး အဆင့် ၁၆ နေရာအထိ ရောက်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ခြေစွမ်းပြန်တက်လာတဲ့ အသင်းလည်း ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular