Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 29, 2017
မတ်ပဲ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့  မတ်ပဲက ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၂၆,၀၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၉၀၉,၀၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၆,၃၉,၀၀၀ ပေါက်ဈေးရှိပြီး ၁ တန်ကို ၃၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ကြက်သွန်ဖြူ (ကြူကုတ်) ကြက်သွန်ဖြူ(ကြူကုတ်)က ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၁၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို  ၂၃၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ ပဲပုတ်(ဗမာ) မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ဗမာ)က ၁ အိတ်ကို ငွေကျပ် ၁၀၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ၈၆,၀၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ ပန်းနှမ်း ပန်းနှမ်းကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၁၀၀၀ ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ အိတ်ကို ကျပ် ၇၀,၀၀၀ ရှိပါတယ်။ စားအုန်းဆီ စားအုန်းဆီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၈၉၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ငွကျပ် ၄၀ ဈေးကျဆင်းသွားပါတယ်။ စွန်တာ(ကျွန်း) စွန်တာ(ကျွန်း)အမျိုးအစားက ဒီနေ့မှာ ၁ တင်းကို ငွေကျပ် ၁၂၀၀ ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တင်းကို ၂၄,၂၀၀ ကျပ် ပေါက်ဈေး ရှိပါတယ်။ ထန်းလျက် မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ထန်းလျက်က ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၁,၃၅၀ ပေါက်ဈေး ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း- AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024