A d v e r t i s e m e n t With Us

အမိဝမ်းမှ ကျွတ်ကျွတ်ချင်း လမ်းလျှောက်သည့် အံ့ဖွယ်ကလေးငယ်ရုပ်သံ ကြည့်ရှုသူ သန်း ၇၀ ကျော်ပြီ

မွေးကင်းစ ကလေးငယ်တယောက်အနေနဲ့ တခြားဖွံ့ဖြိုးမှုဖြစ်စဉ်အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး အမိဝမ်းကနေ ကျွတ်ကျွတ်ချင်း စက္ကန့်ပိုင်းအတွင်း လမ်းထလျှောက်နိုင်ဖို့ ဆိုတာ တကယ့်ကို မလွယ်ကူလှပါဘူး။ ဒါပေမယ့် အိန္ဒိယတိုင်းမ်သတင်းတပုဒ်မှာ ဖော်ပြခဲ့တဲ့ ဒီအဖြစ်အပျက်ကတော့ တကယ့်ကို ဖြစ်ပျက်ခဲ့ပုံပါပဲ။ မိခင်ရဲ့ ၀မ်းဗိုက်တွင်းက ကျွတ်လို့ စက္ကန့်ပိုင်းသာရှိသေးတဲ့ ကလေးငယ်ကို မွေး ဖွားပေးခဲ့တဲ့ ဆရာဝန်တဦးက လက်တစ်ဖက်နဲ့ ကိုင်ထားခဲ့တာပါ။ အဲဒီနောက်တော့ ကလေးငယ်ဟာ ရုတ်တရက်ပဲ လမ်းလျှောက်လိုက်ချိန်မှာတော့ ဒီအဖြစ်အပျက်ကို ဆရာဝန်တွေက မျက်လုံးပြူးအံ့အားသင့်ခဲ့ကြရပါတယ်။ ဒါဟာ ဆေးပညာအမြင်မှာရော၊ ပတ်ဝန်းကျင်အမြင်မှာပါ ထူးဆန်းနေခဲ့ကြပြီး လူ ပြောများနေခဲ့ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို အာလဲတေး အာရန်တေးစ်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တဦးက မျှဝေခဲ့တာဖြစ်ပြီး ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ သန်း ၇၀ ကျော်ခဲ့ပြီဖြစ်ကာ ပြန်လည် မျှဝေခဲ့တဲ့ အကြိမ်ရေ ၁ ဒဿမ ၆ သန်း ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up