Home
မြန်မာသတင်း
ရေးမြို့နယ် ကော့ဒွတ်နှင့် ကုလားကုတ်ကျွန်း ဆိပ်ကမ်းသို့သွားစဉ် စက်လှေတိမ်းမှောက်
DVB
·
May 29, 2017
မွန်ပြည်နယ် ရေးပြည်နယ် ကော့ဒွတ်ကျေးရွာ ချောင်းဝအလွန် ကျိုက်မင်ဝ ဘုရားနဲ့ ကျိုက်ဟလိုင်ဘုရား ရေပြင်အကြား ရေပြင်မှာ စက်လှေပိုင်ရှင် ဦးခွန်စွဲ မောင်းနှင်တဲ့လှေ လှိုင်းဒဏ်ကြောင့် မေ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က  တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။ စက်လှေတိမ်းမှောက်မှုဖြစ်ပွားရာ လှေပေါ်မှာ အမျိုးသား ၃ ဦးနဲ့အတူ ကုန်ခြောက်နဲ့ မုန့်ပစ္စည်းတွေ တင်ဆောင်လာပြီး ကော့ဒွတ်ကျေးရွာဘက်မှ ကုလားကုတ်ကျေးရွာဘက် မောင်းနေစဉ်ပင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ လှေပေါ်ပါ ဦးခွန်စွဲအပါဝင် အမျိုးသား ၃ ဦးလုံးမှာ ရေစီးမျှောပါခဲ့ပြီး အနင်းကျေးရွာနဲ့ ထင်းရှူးကျေးရွာကြားရှိ ငါးပိကျွန်းကို ရောက်ရှိကာ အနီးနားပင်လယ်ငါးဖမ်းလှေတွေက အကူအညီပေးတဲ့အတွက် လူထိခိုက်သေဆုံးမှု မရှိဘူးလို့ ဒေသဆိုင်ရာတာဝန်ရှိသူက ပြောပါတယ်။ လှေပေါ်ပါ ကုန်ပစ္စည်းသာ ဆုံးရှုံးခဲ့ပြီး စက်လှေမောင်းသူကိုလည်း အရေးယူတာမျိုး မရှိခဲ့ဘူးလို့ သက်ဆိုင်ရာ လမိုင်းနယ်မြေခံရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ အခုရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာ နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်မုန်တိုင်းအဖြစ် ရောက်ရှိပြီဖြစ်ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်ထားပါတယ်။ သတင်း - နေမျိုးထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024