A d v e r t i s e m e n t With Us

ဘန်ကောက်တွင် ဆောက်လက်စကုန်တိုက် ငြမ်းစင်ပြိုကျ၊ မြန်မာလုပ်သား ၃ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက် ရာ့ခ်ျဝီထီနယ်မြေ ဖစ်ခ်ျပူရီ ၃၂ လမ်းထဲမှာ မနေ့ညနေ ၄ နာရီလောက်က ဆောက်လက်စကုန်တိုက်တခုရဲ့ ငြိမ်းစင်ပြိုကျပြီး မြန်မာအလုပ်သမား ၃ ဦး ပြင်းစွာ ဒဏ်ရာရသွားတယ်လို့  ခေါင်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဒဏ်ရာရမြန်မာအလုပ်သမား ၃ ဦးမှာ မောင်တိုး (၄၂) နှစ်၊ မောင်ချို (၃၂) နှစ်နဲ့ မောင်ဝင်း (၄၈) နှစ်တို့ဖြစ်ကြပြီး ဆောက်လက်စ ၁၁ ထပ်ကုန်တိုက်ကြီးရဲ့ အထပ် ၄ မှာ ကွန်က ရစ်လောင်းနေစဉ်  သူတို့နင်းထားတဲ့ သံငြမ်းစင်ပြိုကျပြီး လူပါပြုတ်ကျလာခဲ့တာလို့ လုမ္ပဏီရဲစခန်း တာဝန်ကျ ရဲအရာရှိက သတင်းထောက်တွေကို ပြောပါတယ်။ မျက်မြင်သက်သေတဦးရဲ့ ပြောပြချက်အရ သူဟာ ဆောက်လက်စအဆောက်အဦနဲ့ မျက်နှာချင်းဆိုင် ဗုဒ္ဓဘာသာဝင်အသင်း အဆောက်အဦထဲရှိနေစဉ် အော်သံတွေကြားလို့ ထွက်ကြည့်ရာမှာ အလုပ်သမား ၁၀ ဦးလောက် သံတိုင်တွေကြားမှာ အော်ဟစ်အကူအညီ တောင်းနေတာ တွေ့ရကြောင်း၊ အောက်ဘက်မှာလည်း အလုပ်သမားတွေအများကြီး ထွက်ပြေးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ ဆောက်လက်စတိုက်မှာ အထပ်ပေါင်း ၁၁ ထပ်နဲ့ ယာဉ်ရပ်နားရာနေရာတွေပါ ပါဝင်တဲ့ ကုန်တိုက်ကြီးတခုကို ဆောက်လုပ်နေတာဖြစ်ပြီး ထိုင်းအလုပ်သမားရော၊  ရွှေ့ပြောင်းအလုပ်သမားတွေပါ စုစုပေါင်း ၁၀၀ ကျော် ၀င်ရောက်လုပ်ကိုင်နေတာဖြစ်ကြောင်း၊ လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုဖြစ်ရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အလုပ်ရှင်နဲ့ အလုပ်သမားကြီးကြပ်ရေးမှူးကိုပါ စစ်ဆေးမေးမြန်းနေတယ်လို့ ရဲအရာရှိအပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up