A d v e r t i s e m e n t With Us

ချင်းမိုင်တွင် ရှမ်းအလုပ်သမား ၁ ဦး ဆောက်လက်စတိုက်ပေါ်မှ ပြုတ်ကျ သေဆုံး (ရုပ်သံ)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆန်ဖီဆေ့ရပ်ကွက်ထဲမှာ မေ ၂၇ ရက်နေ့ ညနေ ၆ နာရီက ရှမ်းရွှေ့ပြောင်း အလုပ်သမားတဦး ဆောက်လက်စတိုက် ၅ ထပ်ပေါ်ကနေပြုတ်ကျပြီး အောက်မှာရှိတဲ့ သံချွန် ၆ ချောင်းက ရင်ဝကနေ နောက်ကျောထိ ထိုးဖောက်သွားခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ သတင်းပေးအအရ မယ့်ပင်းမြို့မရဲစခန်းတာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းရောက်ရှိသွားကြောင်း၊ အသက် ၃၀ ရွယ် လူရွယ်တဦး ရင်ဝကနေ နောက်ကျောထိ သံချွန် ၆ ချောင်းတိတိ ထိုးဖောက်ဝင်ရောက်နေတာတွေ့ရပြီး  ကယ်ဆယ်ရေးအဖွဲ့တွေက နခွန်းဖင်းဆေးရုံကို ဦးစွာပို့ဆောင်ခဲ့ရာမှ ပစ္စည်းကရိယာ မပြည့်စုံတဲ့အတွက် မဟာရတ် (ဆွန်ဒေါက်) ဆေးရုံကို ဆက်လက်ပို့ဆောင်ပေးခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ ဒီမတော်တဆဖြစ်မှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အလုပ်ကြီးကြပ်သူနဲ့ အလုပ်ရှင်ကို မယ့်ပင်း ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ လူမှုကွန်ရက်သတင်းတွေမှာတော့ အဆိုပါလုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရသူအမည်မှာ စိုင်း ခမ်းဖြစ်ပြီး ဆေးရုံမှာပဲ သေဆုံးသွားပြီလို့ ဖော်ပြကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up