A d v e r t i s e m e n t With Us

အိန္ဒိယက ကွမ်းယာကြိုက်သည့် ဆင်မလေးရုပ်သံ ရေပန်းစား

အိန္ဒိယအလယ်ပိုင်း ဆာဂါးမြို့က ဆင်မလေးတကောင်ဟာ သူ့ရဲ့ ကွမ်းကြိုက်တတ်တဲ့ အကျင့်ကြောင့် နာမည်ကြီးနေပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ လက်ရှမီးလို့ ခေါ်တဲ့ ဆင်မလေးက ကွမ်းစားလာတာ ၁၅ နှစ်လောက်ရှိပြီဖြစ်ပြီး မြို့ထဲမှာ သူကြိုက်တဲ့ ကွမ်းဆိုင် ၃ ဆိုင်လောက်ရှိတယ်လို့ သူ့ရဲ့ ဆင်ထိန်းက ပြောပါတယ်။ ဒေသခံတွေက လက်ရှမီးကို အစာကျွေးရင် ကံကောင်းတယ်လို့ ယူဆကြတာကြောင့် လက်ရှမီးကို ကွမ်းကျွေးရင် သူ့ပါးစပ်နဲ့အပြည့် ကွမ်း ၁၀ ယာလောက် တခါတည်း ကျွေးလေ့ရှိတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up