လေယာဉ်ပစ် လက်နက်စနစ် စမ်းသပ်မှုတွင် ကင်ဂျုံအန်း ကြီးကြပ် (ရုပ်သံ)
Published By
DVB | 28 May, 2017
916
0
Share
0
Comment
0
Likes
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ လေယာဉ်ပစ် လက်နက်စနစ်ကို စမ်းသပ်ရာမှာ ကြီးကြပ်ခဲ့ပြီး ဒီစနစ်ကို အကြီးအကျယ် ထုတ်လုပ်ဖို့နဲ့ နိုင်ငံတလွှားမှာ တပ်ဆင်ဖို့ အမိန့်ထုတ်ခဲ့တယ်လို့ အစိုးရမီဒီယာက ဒီနေ့ ဖော်ပြပါတယ်။
ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေ လုပ်အပြီး သီတင်းပတ်ချီအကြာမှာ ခုလို ထပ်ကြေညာတာပါ။
ကင်က သူ့စစ်ရေး လက်ထောက်တွေနဲ့အတူ စစ်ရေးလေ့ကျင့်တာကို ကြည့်နေတဲ့ ရုပ်သံကိုလည်း အစိုးရမီဒီယာက ပြသပါတယ်။
ကင်နဲ့အတူ ရိပြောင်းချိုး၊ ကင်ဂျုံဆစ်ခ်နဲ့ ဂျန်ချန်းဟတို့ ထိပ်တန်း အရာရှိ ၃ ယောက်လည်း အတူလိုက်ပါခဲ့တယ်လို့ နိုင်ငံပိုင် ကေအာတီ သတင်းမှာ ဖော်ပြပါတယ်။
သူတို့ ၃ ယောက်ဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်အစီအစဉ်မှာ ထိပ်တန်းလူတွေလို့ ယုံကြည်နေကြပါတယ်။ စမ်းသပ်တဲ့ လက်နက်တွေရဲ့ သဘောသဘာဝ အတိအကျကိုတော့ ကေအာတီ ရုပ်သံက မပြောခဲ့ပါဘူး။
အမျိုးသားကာကွယ်ရေးသိပ္ပံတက္ကသိုလ်က စီစဉ်တာလို့ပဲ ပြောပါတယ်။ ဒီအဖွဲ့အစည်းဟာ ဒုံးကျည်နဲ့ နျူကလီးယား လက်နက်တွေ တီထွင်ထုတ်လုပ်တယ်ဆိုပြီး နာမည်ပျက်စာရင်း သွင်းခံ ထားရပါတယ်။