Home
မြန်မာသတင်း
တောင်ငူတွင် ရွှေဆိုင်မှ ဆွဲကြိုးများ လုယူထွက်ပြေးသည့် အမျိုးသမီးကို ဖမ်းဆီး
DVB
·
May 28, 2017
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ၅ ရပ်ကွက် နဂါးရုံဘုရားလမ်း ရွှေဆိုင်တဆိုင်မှာ ဒီနေ့မနက်ပိုင်းက ရွှေဝယ်သူဟန်ဆောင်ပြီး ရွှေဆွဲကြိုးများ လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ၅ ရပ်ကွက်၊ နဂါးရုံဘုရားလမ်းမှာ ဖွင့်ထားတဲ့ စိန်ညွန့် စိန်၊ ရွှေ၊ ရတနာ ရောင်းဝယ်ရေးဆိုင်မှာ ဒီကနေ့ မနက်ပိုင်းက ဝယ်ယူသူဟန်ဆောင်းပြီး လုယူထွက်ပြေးသွားတာကြောင့် ရပ်ကွက်နေသူတဦးနဲ့ ဈေးဝယ်လာသူ အမျိုးသမီးတဦးတို့က ဝိုင်းဝန်းဖမ်းဆီးပေးခဲ့လို့ မိနစ်ပိုင်းအတွင်း ဖမ်းဆီးရမိခဲ့တာလို့ ဆိုင်ရှင်က ပြောပါတယ်။ “သူက မနေ့ကလည်း တခေါက်လာသေးတယ်။ ဒီနေ့ကျေတာ့ မနက်အစော ဆိုင်ဖွင့်တဲ့အချိန် ဈေးဝယ်ကလည်း သိပ်မရှိသေးတဲ့ အချိန်ဆိုတော့ သူက အဲဒီဆွဲကြိုး ၄ ကုံးကို ယူမယ်ဆိုပြီးတော့ ဘောက်ချာရေးခိုင်းတယ်။ ဘောက်ချာရေးနေတုန်းမှာ အဲဒီကြိုး ၄ ကုံးကိုယူပြီး ဆိုင်ကယ်နဲ့ထွက်ပြေးမလို့လုပ်တယ်။ သမီးနှစ်ယောက်က အော်ပြီးနောက်ကနေ ဆိုင်ကယ်ကိုဆွဲထားတာ။ ကလးတွေဆိုတော့ ငယ်သေးတော့ မနိုင်ဘူး။ အဲဒီမှာရပ်ကွက်ထဲက တယောက်က ဆိုင်ကယ်ကယ်နဲ့ရောက်လာပြီး ရှေ့ကနေ ကန့်လန့်ပိတ်ထားပြီး ဆိုင်ကယ်ကို တွန်းလှဲထားလိုက်တာ။ အဲဒီမှာဆိုင်မှာ ဈေးလာဝယ်တဲ့ ဝဝနဲ့ ခပ်တောင့်တောင့်အမျိုးသမီးက ဝင်ချုပ်ထားပီးတော့မှ သူ့လက်ထဲက ဆွဲကြိုး ၄ ကုံးကိုပြန်ရတာ။ ရွှေကအခေါက်တွေချည်းပဲ။ ၁၁ ကျပ်သားကျော်တယ်။ အားလုံးဆို သိန်း ၁၀၀ ကျော်ဖိုးလောက်ရှိတယ်” လို့ ဆိုင်ရှင် ဦးအကင်းက ပြောပါတယ်။ တောင်ငူ အမှတ်(၂) နယ်မြေ ရဲစခန်းက ရွှေဆွဲကြိုး လုယူထွက်ပြေးသူ မအာရုဏ်ဦးကို ပုဒ်မ-၃၈၀ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024