Home
မြန်မာသတင်း
မသန်စွမ်းကလေးငယ်များအားလုံး တန်းတူပညာသင်ခွင့်ရရှိရေးဆွေးနွေး (ဓာတ်ပုံ)
ပြည့်ဘုန်းအောင်
·
May 28, 2017
  မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေနဲ့ မသန်စွမ်းကလေးတွေအားလုံး တန်းတူပညာသင်ခွင့်ရရေး အတွက် မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့ချုပ်က တာဝန်ရှိသူတွေ၊ ပညာရေးဝန်ကြီးဌာနက ဆရာ ဆရာမတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ  ဒီကနေ့ ရန်ကုန်မှာဆွေးနွေးခဲ့ကြပါတယ်။ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းတွေ၊ ကောလိပ်နဲ့ သိပ္ပံကျောင်းတွေမှာ မသန်စွမ်းကလေးငယ်တွေနဲ့၊ မသန်စွမ်းအမျိုးသမီး၊ အမျိုးသားတွေ ကျောင်းဝင်ခွင့် ငြင်းပယ်ခံနေ ရတာနဲ့ ပညာသင်ခွင့် ခွဲခြားဆက်ဆံနေရတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့ကြပြီး ခွဲခြားဆက်ဆံမှုတွေကို  ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။ သတင်း၊ ဓာတ်ပုံ - ပြည့်ဘုန်းအောင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024