A d v e r t i s e m e n t With Us

ရွှေဘို-မြစ်ကြီးနားကားလမ်းမပေါ်တွင် ဆီတင်ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားကားလမ်းမပေါ်မှာ မေ ၂၇ ရက် ညနေ ၃ နာရီက ဆီတင် ၆ ဘီးကားနဲ့ ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့လို့ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဖြစ်စဉ်မှာ ရွှေဘိုမြစ်ကြီးနားကားလမ်းမှာ ယာဉ်မောင်း ထွန်းနိုင်မောင်းနှင်လာတဲ့ ဒီဇယ်ဆီပေပါ ၅၃ လုံးတင်ဆောင်လာတဲ့ ၆ ဘီးယာဉ်နဲ့ နေဇော်ဝင်းမောင်းနှင်ပြီး ဦးကျော်ဆွေ လိုက်ပါစီးနင်းလာတဲ့ ဆိုယ်ကယ်တို့ မိုင်တိုင်အမှတ် ၃/၁၆၆ မှာ တိုက်မိပြီး ဆိုင်ကယ်စီးသူ နှစ်ဦးမှာပြင်းထန်စွာဒဏ်ရာရရှိကာ မော်လူးတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။ မော်လူးတိုက်နယ်ဆေးရုံမှတဆင့် ကသာဆေးရုံ ပို့ဆောင်စဉ် ဦးကျော်ဆွေဟာ ဒဏ်ရာပြင်းထန်စွာရရှိတဲ့အတွက် ကသာဆေးရုံအရောက်မှာ သေဆုံးခဲ့ပြီး ဒဏ်ရာရှိသူ ဇော်ဝင်း ကတော့ ကသာဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုခံယူနေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up