Home
မြန်မာသတင်း
ဝါးခယ်မတွင် ပုံစံ ၇ လျှောက်ထားသည့်လယ်မြေအား ကွင်းဆင်းတိုင်းတာစဉ် ဓားခုတ်မှုဖြစ်
DVB
·
May 27, 2017
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ပလေအုပ်စု၊ ရေလဲချောင်းကျေးရွာမှာ ပုံစံ ၇ လျှောက်ထားတဲ့ လယ်မြေကို ကွင်းဆင်းတိုင်းတာရာမှ ဓားခုတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဝါးခယ်မမြို့နယ်၊ လယ်ချောင်းကျေးရွာနေ မသန်းသန်းမိုးဟာ ၂၀၁၃ ခုနှစ်ကတည်းက လယ်ယာမြေဥပဒေအရ မိမိပိုင်ဆိုင်တဲ့ လယ်မြေကို မှတ်ပုံတင်လျှောက်ထားခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် မတ်လမှာ ထပ်မံလျှောက်ထားခဲ့တယ်လို့ ကာယကံရှင်က ပြောပါတယ်။ မေ ၂၆ ရက်နေ့မှာတော့ အပိုင်မြေစာရင်းစာရေး ကိုဖုန်းအောင်၊ ဆယ်အိမ်စုမှူးတွေ ရပ်မိရပ်ဖတွေနဲ့ ကွင်းဆင်းတိုင်းတာရာမှာ အဖေတူအမေကွဲအစ်ကိုဖြစ်သူက သူ့ကို ဓားနဲ့ခုတ်ခဲ့တာလို့ မသန်းသန်းမိုးက ပြောပါတယ်။ လယ်မြေအား တာဝန်ရှိသူတွေက တိုင်းတာနေစဉ်မှာ မသန်းသန်းမိုးရဲ့ ဖအေတူ မအေကွဲ အစ်ကို ကိုစိုးစိုး (ခ) ကိုမြစိုးက လယ်ကွင်းထဲကို လိုက်လာပြီး ဒီလယ်မြေဟာ သူနဲ့လည်း သက်ဆိုင်ကြောင်း အငြင်းပွားရင်း ကိုမြစိုးက အသင့်ယူလာတဲ့ ဓားရှည်နဲ့ ခုတ်ခဲ့လို့ ဦးခေါင်းနောက်ပိုင်း ပြက်ရှဒဏ်ရာတွေ ရရှိခဲ့ပြီး မအူပင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ ဓားနဲ့ ခုတ်တဲ့ ကိုစိုးစိုးအား နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆ အပါအ၀င် ပုဒ်မှု ၂ ခုနဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ ငှက်ပျေားချောင်းစခန်းမှူး မောင်မောင်စိုးထံမှ သိရပါတယ်။ သတင်း-အောင်ကြီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024