A d v e r t i s e m e n t With Us

သီရိလင်္ကာတွင် ရေကြီးမြေမြိုမှုကြောင့် အယောက် ၁၀၀ သေဆုံး၊ ၉၉ ဦး ပျောက်ဆုံး

Sri Lankans watch military rescue efforts at the site of a landslide at Bellana village in Kalutara district, Sri Lanka, Friday, May 26, 2017. Mudslides and floods triggered by heavy rains in Sri Lanka killed dozens and left many more missing on Friday. (AP Photo/Eranga Jayawardena)
သီရိလင်္ကာနိုင်ငံမှာ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ အယောက် ၁၀၀ ရှိပြီး တခြားလူ ၉၉ ဦး ပျောက်ဆုံးနေတယ်လို့ အစိုးရက အတည်ပြုလိုက်ပြီး နိုင်ငံတကာက ကူညီကြဖို့လည်း အစိုးရက ဒီနေ့ တောင်းပန်လိုက်ပါတယ်။ ရာသီဥတုကပ်ဘေးကြောင့် လူအယောက် ၂၉၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း ထားရတယ်လို့ ကပ်ဘေးစီမံရေးဌာနက ပြောပါတယ်။. လူတွေ ဘေးကင်းရာ သယ်ပို့ဖို့ စစ်တပ်က သံချပ်ကာ ကားကြီးတွေနဲ့ လှေတွေကို သုံးခဲ့ရပါတယ်။ လူတချို့ကတော့ လှေတွေ မရောက်နိုင်တဲ့ အတွင်းပိုင်းကျတဲ့ ရွာတွေထဲမှာ ပိတ်မိနေဆဲပါ။ အစိုးရ အကူအညီတွေ ဒေသတွင်းကို မရောက်သေးဘဲ အနားက ရွာတွေက ပံ့ပိုးတဲ့ စားစရာတွေနဲ့ ရပ်တည်နေရတယ်လို့ ဝေဟန်ဂယ်လာ ရွာသားတွေက ပြောပါတယ်။ ကယ်ဆယ်ရေးနဲ့ သက်သာချောင်ချိရေး လုပ်ဆောင်ချက်တွေအတွက် ကူညီဖို့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂဆီ သီရိလင်္ကာအစိုးရက အကူအညီ တောင်းထားပါတယ်။ အပူပိုင်းဒေသ အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းမှာရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ မုတ်သုံရာသီအတွင်း မြေပြိုမှုတွေ ဖြစ်နေကျပါ။ ရာဘာနဲ့ လက်ဖက်တို့လို ပြည်ပပို့ကုန် စိုက်ပျိုးပင်တွေအတွက် သစ်တောတွေကို အကြီးအကျယ် ခုတ်ထွင်ရှင်းလင်းခဲ့တဲ့ အကျိုးဆက်ကြောင့်လို့ မီဒီယာတွေက ရေးပါတယ်။

A d v e r t i s e m e n t With Us

More News
Up