A d v e r t i s e m e n t With Us

စွန့်စားရာတွင် အာရုံစိုက်ရန် ဟားဗတ်တက္ကသိုလ်ဘွဲ့ရကျောင်းသားများကို ဇူကာဘတ်တိုက်တွန်း

ဓာတ်ပုံ - အေအက်ဖ်ပီ
ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် တည်ထောင်သူ မာ့ခ် ဇူကာဘတ်က ဟားဗတ်တက္ကသိုလ် ဘွဲ့ရ ကျောင်းသားတွေကို စွန့်စားရာမှာ အာရုံစိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ စွန့်စားဖန်တီးခွင့်ပြုမယ့် လူမှုဘေးကင်းတဲ့ ကွန်ရက်သစ်ကို ဖန်တီးရာမှာ ကူညီဖို့ မာ့ခ် ဇူကာဘတ်က ဟားဗတ်တက္ကသိုလ်ဘွဲ့ရ ကျောင်းသားတွေကို ပြောတဲ့ မိန့်ခွန်းအတွင်း တိုက်တွန်းလိုက်တာပါ။ "ဒီနေ့ဟာ ကျေန်ာတို့မျိုးဆက်အတွက် ကြီးမြတ်တဲ့လုပ်ငန်းတွေကို အဓိပ္ပာယ်သတ်မှတ်ဖို့ အချိန်ပဲ။ ကမ္ဘာကြီးကို မဖျက်ဆီးခင် ရာသီဥတု ပြောင်းလဲမှုကို ရပ်တန့်ဖို့ သန်းနဲ့ချီတဲ့လူတွေ ပါဝင်လာမယ်ဆိုရင် ဘယ်လိုလဲ။ နေစွမ်းအင်ထုတ်တဲ့ ဆိုလာပြားတွေကို ထုတ်လုပ်တပ်ဆင်မယ် ဆိုရင် ဘယ်လိုသဘောရလဲ" လို့ ဇူကာဘတ်က ပြောပါတယ်။ ဆက်လက်ပြီး ဇူကာဘတ်က "လူတိုင်း အွန်လိုင်းကနေ မဲပေးနိုင်ဖို့၊ ပညာရေးနဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေကို လုပ်အားပေးတွေက မျှဝေဖို့ စတဲ့လုပ်ငန်းတွေဟာ ကျနော်တို့ လက်လှမ်းမီတဲ့အဆင့်မှာ ရှိနေတယ်။ လူ့အဖွဲ့အစည်းထဲက လူတွေအားလုံးအတွက် အခန်းကဏ္ဍပေးတဲ့ နည်းလမ်းနဲ့ အလုပ်လုပ်ကြရအောင်၊ တိုးတက်မှုတွေကိုတင် ဖန်တီးတာ မဟုတ်ဘဲ ရည်မှန်းချက်တွေကိုပါ ဖန်တီးရအောင်" လို့ ပြောပါတယ်။ လူတိုင်း အတွေးအခေါ်အသစ်တွေကို ထုတ်ဖို့ ကျားကန်ပေးတဲ့ အရာရှိတာ သေချာစေရေး ကြိုးစားလုပ်သင့်တယ်၊ ဘဝတလျှောက် စဉ်ဆက်မပြတ် ပညာရေးကို ပံ့ပိုးရေး ပိုပြီး အာရုံစိုက်တဲ့ လူ့အဖွဲ့အစည်းကို လိုအပ်တယ်လို့လည်း ဇူကာဘတ်က ပြောပါတယ်။ ၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဖေ့စ်ဘွတ်ခ်ဟာ ခုတော့ တွစ်တာ နိုင်ငံတကာ ကော်ပိုရေးရှင်းနဲ့ စနပ်ချတ် (Snapchat) အပါအဝင် ပြိုင်ဘက်တွေ ရလာနေပါပြီ။

A d v e r t i s e m e n t With Us

More News
Up