ဗန်းမောက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံး
DVB
·
May 26, 2017
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်း မေ ၂၅ ရက်နေ့ည ၁၀ နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေ အမိုးလန် ပျက်စီးပြီး နွားနှစ်ကောင်သေဆုံးခဲ့တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။
အောင်သာကုန်းကျေးရွာမှာ နေအိမ် ၁၁ လုံးနဲ့ သီလရှင်ကျောင်း ၁ ကျောင်းတို့မှ သွပ်အချပ် ၃၉၃ ချပ်၊ သက်ငယ် ၄၀၀ ပျစ်၊ မြနန္ဒာရပ်ကွက်မှာ နေအိမ် ၇ လုံး၊ သွပ်အချပ် ၂၆၂ ချပ်၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆိုလာ ၁ ချပ်၊ ပင်ဟင်းခါးကျေးရွာအုပ်စုမှာ မိုးကြိုးပစ်လို့ နေအိမ်ပျက်စီးခဲ့ပြီး နွား ၁ ကောင် သေဆုံး၊ လေးသီကျေးရွာအုပ်စုမှာ နွား ၁ ကောင် သစ်ပင်ပိ သေဆုံး ပျက်စီးကြောင်း သိရပါတယ်။
အဆိုပါလေပြင်းကြောင့် ကျေးရွာအုပ်စု ၃ စုအတွင်းမှ ကျေးရွာ ၅ ရွာနဲ့ ရပ်ကွက် ၁ ခုတို့က နေအိမ် ၁၉ လုံးနဲ့ သီလရှင်ကျောင်း ၁ ကျောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး တန်ဖိုးငွေစုစုပေါင်း ၄၄,၄၁,၀၀၀ ကျပ် ရှိကြောင်း သိရပါတယ်။
သတင်း - ကိုကျော်(အင်းတော်)