Wednesday, May 31, 2023
HomeLead Storyသခင်ကို အာလူးစိုက်ရန် မြေကြီးတူးဆွကူညီခဲ့သည့် ၀က်ဝံကလေးရုပ်သံ ရေပန်းစား

သခင်ကို အာလူးစိုက်ရန် မြေကြီးတူးဆွကူညီခဲ့သည့် ၀က်ဝံကလေးရုပ်သံ ရေပန်းစား

သခင်ဖြစ်သူကို စိုက်ခင်းတခုထဲမှာ အာလူးစိုက်ဖို့ မြေကြီးတူးဆွကူညီခဲ့တဲ့ ၀က်ဝံ ကလေးတကောင်ရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောအင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ရုရှားနိုင်ငံမှာ ဖြစ်ခဲ့တာဖြစ်ပြီး ချစ်စရာ ၀က်ဝံကလေးဟာ သခင်ဖြစ်သူ အမျိုးသမီးကို ၀ိုင်းဝန်းကူညီပေးခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

အဆိုပါ ၀က်ဝံကလေးဟာ သခင်ဖြစ်သူ အမျိုးသမီးနဲ့အတူ ဥယျာဉ်ခြံထဲမှာ ရှိနေခဲ့ တာဖြစ်ပြီး အာလူးစိုက်ဖို့ မြေကြီးဝိုင်းတူးပေးခဲ့တာပါ။

သူဟာ သခင်ရဲ့ လှုပ်ရှားမှုကို ကြည့်ပြီး မြေကြီးကို ဇွဲနပဲနဲ့ တူးဆွကူညီနေခဲ့တာဟာ အံ့သြစရာပါပဲ။

ဒါဟာ လူသားနဲ့ တိရစ္ဆာန်ကြားမှ ဆက်နွှယ်ထားတဲ့ ချစ်ခြင်းမေတ္တာတရားကို ပြ သနေတာဖြစ်ပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကို ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့တည်းက ယူကျု့အင်တာနက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သောင်းကျော်ရှိခဲ့ပြီလို့ သတင်းမှာ ဖော်ပြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular