ကေအိုင်အိုခေါင်းဆောင်နှင့်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရောက်ရှိလာ
အောင်ဆန်းဦး
·
May 26, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေ့လယ်စာနဲ့ တည်ခင်းဧည့်ခံဖို့ ဖိတ်ကြားထားတဲ့အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ အန်ဘန်လနဲ့ ဇနီးတို့ ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော် မြနန်းဘုံသာလမ်းက နိုင်ငံတော်အတိုင်ပင်ခံ နေအိမ်ကို ရောက်ရှိလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကေအိုင်အို ခေါင်းဆောင်နဲ့တွေကဆုံပြီးနောက် ဒီကနေ့မွန်းလွဲပိုင်းမှာ ကျန်တဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။